Cele News

သားဖြစ်​သူအတွက်​ ယခုထိ ထမင်းဗူးထည့်​​ပေး​နေ​သေးတဲ့ G Fattရဲ့ မိခင်

ပရိတ်သတ်​​တွေ ရင်​ထဲကိုထိမိ​စေမယ့်​ Rap စာသားတွေနဲ့ ပရိသတ်ကို ဖမ်းစားခဲ့တဲ့ မြတ်သူလို့ ခေါ်တဲ့ G-fatt ကတော့ လူငယ် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ပါ ။ လက်​ရှိမှာလည်း ထိပ်​တန်းအဆိုရှင်​ တစ်​​ယောက်​အ​နေနဲ့ရပ်​တည်​​နေပြီး ပရိတ်​သ​တ်​​တွေရဲ့ အခိုင်​အမာဝန်းရံမှုရရှိ​နေတာပဖြစ်​ပါတယ်​။သူ့ရဲ့တစ်​ကိုယ်​​တော်​​ဖျော်​​ဖြေပွဲကို မန္တ​လေးမှာပြုလုပ်​ဖို့ရှိပြီး ပရိတ်​သတ်​​တွေကိုလည်း လာ​ရောက်​အား​ပေးဖို့ဖိတ်​​ခေါ်ထားပါတယ်​။ ယခုမှာ​တော့ သု့ရဲ့မိခင်​ဟာ သူငယ်​ငယ်​က​ကျောင်းသွားရင်​ ထည့်​​ပေး​နေကျထမင်း​ဗူး​လေးကို ယ​နေ့ထိတိုင်​ထည့်​​ပေး​နေတာမို့ G Fattတစ်​​ယောက်​ ၀မ်းသာပီတိဖြစ်​​နေတာပဲဖြစ်​ပါတယ်​။ပရိတ်​သတ်​ကြီး G Fatt ရဲ့မိခင်​​မေတ္တားတရားကြီးမားလိုက်​တာ​နော်​။ Source,G Fatt

Cele News

First Love ကို ၁၁နှစ်သားအရွယ်ကစတင်တွေ့ရှိဖူးတယ်ဆိုတဲ့ အ၀င်း

ဂျပန်နိုင်ငံမှာ အောင်မြင်ကျော်ကြားနေတဲ့ ဂီတအနုပညာရှင် မြန်မာလူမျိုးဖြစ်တဲ့ ၀င်းမိုရီဆာခီ ကတော့ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိနေကာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်လေးဖြစ်ပြီး သူပါဝင် အဓိကဦးဆောင်ထားတဲ့ Win’s Showtime Program ကတော့လူကြီးကော လူငယ်ပရိသတ်ပါ ကြိုက်နှစ်သက်ကြတဲ့ Program လေးဖြစ်ခဲ့ပါတယ်။ လူတိုင်းကတော့ အချစ်နဲ့ ပက်သက်လာရင်ခံစားတက်တဲ့ သူတွေဖြစ်တာကြောင့် အ၀င်းလဲ အချစ်နဲ့ပက်သက်ရင် First Love ကို ၁၁နှစ်သားအရွယ် မှာခံစားတက်ပြီး ချစ်သူကောင်မလေး ရှိခဲ့ဖူးတယ်လို့သိရပြီး ငယ်ရွယ်တဲ့အချိန်မို့လို့ စိတ်ကူးယဉ်ဆန်တဲ့ အတွေ့အကြုံလေးကိုလည်းမျှဝေခဲ့ပါတယ်။အချိန်ကြာလာတော့ ထိုအဖြစ်အပျက်လေးက ကြည်နူးဖို့လဲ ကောင်းတယ်လို့ ပြောပြခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ချစ်သူရည်းစားမရှိသေးဘဲ ချစ်သူရခဲ့ရင်လဲ ကိုယ့်ကို တကယ်ချစ်တဲ့သူနဲ့ပဲဆုံချင်တယ်။ကျွန်တော့်ပရိသတ်ကောင်မလေးတွေရှိလို့လားမသိဘူး ချစ်သူရည်းစားထားဖို့ စိတ်မကူးမိဘူး ကျွန်တော် ပရိသတ်မိန်းကလေးတွေက တကယ့်အချောလေးတွေကြီးပဲ ကြွားပြောတာတော့မဟုတ်ဘူး တခါတလေ သူ့တို့ဘက်ကိုတောင် စိတ်ယိုင်သွားတယ် […]

Cele News

အသက်၂၂ ပြည့်ဖို့ လပိုင်းပဲလိုတော့တယ်ဆိုတဲ့ ရွှေမှုန်ရတီ

ရွှေမှုန်ရတီလေးကတော့ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေကိုလက်ဝယ်သိမ်းပိုက်ထားပြီး သာယာလှပကာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ထူထောင်ထားနိုင်တဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။ပရိသတ်တွေကလဲ သူမကိုချစ်စနိုးအနေနဲ့ အချေမင်းသမီးလေးလို့လဲ ခေါ်ဝေါ်ကြပါတယ်။အနုပညာလုပ်ငန်းတွေကိုတော့ အခုလက်ရှိမှာတော့ အများကြီး ပြုလုပ်လာတာ မတွေ့ရတော့ပဲ အနုပညာခြေလှမ်းကျဲ လာတယ်ဆိုရပေမယ့်လဲ ပရိသတ်တွေ ချစ်ခင်နေဆဲပဲဖြစ်ပါတယ်။ ရွှေမှုန်လေးပါဝင်သရုပ်ဆောင်ထားတဲ့ ကျော်ကြားနဲ့ အမွှေစိန် ဝိညာဉ် ဇာတ်ကားကြီးကတော့ ဟာသဇာတ်ကားကြီးဖြစ်ပြီး အကောင်းဆုံးကြိုးစားထားတာကို ထိုကားကြီးထဲမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ရင့်ကျက်တည်ငြိမ်တဲ့ အရွယ်ကို ရောက်ရှိလာတာဖြစ်တာကြောင့် စကားပြောအေးဆေးလာတာကိုတွေ့မြင်ရမှာပါ။ သရုပ်ဆောင် ရွှေမှုန်လေးရဲ့ အသက်ကတော့ နောက်၅လနေရင် အသက် ၂၂ နှစ်ပြည့်တော့မှာပဲဖြစ်ပါတယ်။တဖြည်းဖြည်းနဲ့ အသက်တစ်နှစ်ကြီးပြီး ပရိသတ်တွေ သတိမပြုမိတဲ့ အချိန်လေးတွေဖြစ်ခဲ့ပါတယ်။မကြာသေးခင်ကပဲ သူမရဲ့ အိမ်ထာင်သက်တမ်းကလဲ ၁နှစ်ပြည့်ထားတာဖြစ်ပြီး အရမ်းကိုချစ်ကြတဲ့ စုံတွဲလေးလဲဖြစ်ပါတယ်။ Source ; Cele ရပ်ကွက်

Cele News

ပထမဆုံး ခြေလှမ်းအနေနဲ့ ကိုရီးယားလို ထွက်ရှိလာမယ့် အဆိုတော် ဝိုင်းလေးရဲ့ သီချင်းအသစ်

ဝလုံးလို့ချစ်စနိုးခေါ်ကြတဲ့အဆိုတော်မလေး ဝိုင်းလေးကိုတော့ သိကြမှာပါ။Solo Album တွေထက်ရှိထားပြီးပရိသတ်အကြိုက် သီချင်းကောင်းလေးတွေလည်းထွက်ရှိထားသူပါ။ဝိုင်းလေးဟာဆိုရင် “တာဝန်အရ” “လက်ခံပြီးသား” နဲ့ “လမ်းခွဲရင်ကောင်းမယ်” စတဲ့သီချင်းတွေကြောင့်လူတော်တော်များများသိကြမှာပါ။ ဝိုင်းလေးဟာအဆိုတော်တစ်ယောက်အနေနဲ့သာမက အလှမယ်၊မော်ဒယ်လ်တစ်ယောက်လည်းဖြစ်ပါတယ်။နိုဝင်ဘာလ(၂၄)ရက်နေ့နဲ့ (၂၅) ရက်နေ့မှာလည်း ကိုရီးယားနိုင်ငံမှာ သီဆီုဖျော်ဖြေဖို့အတွက်မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ဖိတ်ကြားခံထားရပါသေးတယ်။ဒီပွဲမှာကိုရီးယားနိုင်ငံကနာမည်ကျော်တွေအပြင် အာဆီယံကအခြားသောနာမည်ကြီးအဆိုတော်တွေလည်းပါဝင်မှာပါ။အဲ့ဒီအတွက်လည်းပရိသတ်တွေကရင်ခုန်နေတာဖြစ်သလို အခုလည်း ကိုရီးယားဘာသာနဲ့ထွက်ရှိလာမဲ့ သီချင်းသစ်အကြောင်းကို ဝိုင်းလေးကပြောပြလိုက်ပါပြီ။ နိုဝင်ဘာလ(၁၅)ရက်နေ့သောကြာနေ့မှာတော့ ကိုရီးယားလိုဆိုထားတဲ့ဝိုင်းလေးရဲ့သီချင်းအသစ်ထွက်လာမှာဖြစ်ပါတယ်။ဒီသီချင်းဟာကိုရီးယားလိုဆိုတာ ဝိုင်းလေးအနေနဲ့ပထမဆုံးဖြစ်မှာပါ။ဒီအကြောင်းကိုတော့ ဝိုင်းလေးကသူ့ရဲ့ဖေ့ဘွတ်ခ်မှာပြောပြထားပါတယ်။မြန်မာမလေးတစ်ယောက်က ကိုရီးယားလိုဆိုထားတဲ့သီချင်းလေးဆိုတော့ အရမ်းကိုရင်ခုန်စရာကောင်းနေပါပြီနော်….။ Source : WyneLay

Cele News

ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားအဖြစ် “အဟောင်း” ရုပ်ရှင်ကားတွင်တွေ့မြင်ရမယ့် Mary

Mary လေးကတော့ အသံချိုချိုအေးအေးလေးနဲ့ ခံစားချက်အပြင်းစားတွေရောစပ်ပြီး သီချင်းလေးတွေကိုသီဆိုလေ့ရှိတာကြောင့် လူငယ်ပရိသတ်တွေ ကြိုက်နှစ်သက်သဘောကျရတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။ဂီတပိုင်းကိုသာဦးစားပေးလုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ အနုပညာပိုင်းကိုထပ်တိုးလေ့လာနေပြီး သူမရဲ့ အောင်မြင်မှုခြေလှမ်းဖြစ်တဲ့ သရုပ်ဆောင်ပိုင်းကိုလဲ ၀င်ရောက်လာပြီပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းပြီး လှပသေသပ်တဲ့ အလှတရားတွေရှိတဲ့ Mary ကတော့ သူမရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားလေးဖြစ်တဲ့ “အဟောင်း” ရုပ်ရှင်ကားကြီးမှာ ပါဝင်အားဖြည့်ကြိုးစားမှုတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ပထမဆုံး ကားဖြစ်တာကြောင့် စိုးရိမ်မှုတွေရှိပေမယ့်လဲ အနုပညာရှင်ဖြစ်တာကြောင့် အ၇မ်းကြီး စိမ်းနေတာမျိုးမဟုတ်တော့ အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပြီး ပရိသတ်တွေကို ချပြသွားမှာပါလို့သိရပါတယ်။ “အဟောင်း” ရုပ်ရှင်ကားကတော့ ဒါရိုက်တာ သီဟစိုးရဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်နေရာတွေမှာတော့ ကျော်ကျော်ဗိုလ်၊ပိုင်ဖြိုးသု၊Mary၊အောင်ရဲထိုက်တို့ပါဝင်အားဖြည့်သွားမှာပဲဖြစ်ပါတယ်။ထိုကားကြီးရဲ့ ကန်တော့ပွဲအခမ်းအနားကိုတော့ နိုဝင်ဘာလ ၁၄ရက်နေ့မှာ ရွှေတိဂုံဘုရားမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Source ; MC

Cele News

“(၁၈) နှစ်ကြာ ကွဲနေတဲ့ မောင်နှမနှစ်ယောက် ပြန်တွေ့”လို့် ဆိုလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

နိုင်ငံကျော်အဆိုတော်မင်းသားတစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ လက်ရှိ ချောက်မြို့မှာ “ကောင်းကင်မရှိတဲ့ကြယ်” ဆိုတဲ့ဇာတ်ကားကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် ဇာတ်ကားကောင်းများရိုက်ကူးပုံဖော်နေတဲ့ 7th Sense Creation မှထုတ်လုပ်တာဖြစ်ပြီး ထူးထူးခြားခြားအနေနဲ့ ဒီဇာတ်ကားမှာဆိုရင် နိုင်ငံခြားမှသရုပ်ဆောင်များစွာနဲ့ အတတ်ပညာရှင်များစွာ ပါဝင်လာတာကိုတွေ့ရမှာပါ။ သရုပ်ဆောင်တွေအနေနဲ့ နေတိုး၊စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဟိန်းထက်၊အေးမြတ်သူ၊ မိုးစက်ဝိုင်၊နွယ်ဒါလီထွန်း တို့အပြင် ထိုင်းနိုင်ငံကသရုပ်ဆောင်များဖြစ်တဲ့ Ken Phuphoom Pongpanu၊ Korn Kang ၊ Smile Parada၊ ဂျပန်နိုင်ငံမှမင်းသမီး Takei Emi တို့က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒါရိုက်တာသြရသနဲ့အတူ နိုင်ငံခြားမှအတတ်ပညာရှင်ပေါင်းများစွာက ပါဝင်ရိုက်ကူးသွားကြမှာဆိုတော့ ဇာတ်ကားကောင်းတစ်ခုဖြစ်လာမှာ အမှန်ပါပဲနော်။ ဒီဇာတ်ကားလေးမှာ အခြားနာမည်ကြီးသရုပ်ဆောင်များစွာလည်းပါဝင်ပြီး မျိုးသန္တာထွန်းလည်းအပါအဝင်ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကတော့ ချစ်ရတဲ့အစ်မကြီးနဲ့ (၁၈)နှစ်ကြာမှ ဒုတိယအကြိမ်ပြန်လည်ဆုံတွေ့ဖြစ်တဲ့အကြောင်းကို “၁၈နှစ်ကြာကွဲကွာနေတဲ့မောင်နှမနှစ်ယောက်…ကျွန်တော်ပထမဆုံး video စရိုက်ဖူးတာ ဦးကျော်ဟိန်းနဲ့ […]

Cele News

ငွေဆောင်မှာ အပန်းဖြေခရီးထွက်ကာ အလန်းဆုံး ဓါတ်ပုံလေးတွေ ပြသခဲ့တဲ့ သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်လို့ပြောလိုက်တာနဲ့ မသိတဲ့ ပရိသတ်တွေရှားပါလောက်အောင် အောင်မြင်မှုတွေပိုင်ဆိုင်ထားတဲ့ အနုပညာရှင်လေးဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ဖတ်ရှင်အလန်းစားတွေနဲ့ ၀င်ဆင်လာတာကြောင့် အရင်နဲ့မတူဘဲပိုမိုအောင်မြင်လာပါတယ်။ အနုပညာတွေအားလပ်ချိန်လေးဖြစ်ပြီး ရာသီဥတု သာယာချိန်လေးမှာတော့ အပန်းဖြေခရီးလေးအဖြစ် ငွေဆောင်ကမ်းခြေကိုရောက်ရှိနေတာဖြစ်ပါတယ်။သင်ဇာဝင့်ကျော်ကတော့ အလုပ်တွေ မရှိသေးလို့ ကမ်းခြေမှာလွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပျော်ရွှင်နေတာပဲဖြစ်ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ဖက်ရှင်ဒီဇိုင်းကျအောင်ဝတ်တက်တာကြောင့် အခုလက်ရှိရောက်ရှိနေတဲ့ ငွေဆောင်ကမ်းခြေမှာလဲ ခပ်ဟော့ဟော့ ပုံစံလေးတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ် ။ထိုပုံရိပ်အလန်းစားလေးတွေကို ပရိသတ်တွေ ကြည့်ရှုခံစားနိုင်ရန် မျှဝေပေးလိုက်ပါတယ်။ Source ; Thin Zar Wint Kyaw

Cele News

သုံးရက်ဆက်တိုက် အိပ်မပျော်ပဲ ခေါင်းတွေ ကိုက်နေပေမယ့် တောင်ငူမြို့က ပရိတ်သတ်တွေကို အကောင်းဆုံး သီဆိုဖျော်ဖြေခဲ့တဲ့ နန်းစုရတီစိုး

ကိုရီးယားမလေးလို ချစ်စရာကောင်းတဲ့ နန်းစုလေးကတော့ အရုပ်မမျက်နှာလေးနဲ့ နှာတံချွန်ချွန်လေးကြောင့် ပရိတ်သတ်တွေရဲ့ ရင်ထဲကို စိုးမိုးထားသူ တစ်ယောက်ပါ။ ဖက်ရှင်ဆန်းဆန်းလေးတွေကို ဝတ်ဆင်လေ့ရှိပြီး အရုပ်မလေးလို လှနေတဲ့ သူမကတော့ သူမရဲ့ Facebookမှာ သူမရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲ တင်ပေးလေ့ ရှိပါတယ်။ ခုရက်ပိုင်းအတွင်းမှာလဲ နန်းစုဟာ တောင်ငူမြို့က ပရိတ်သတ်တွေကို သွားရောက် ဖျော်ဖြေခဲ့တဲ့အကြောင်းကို သူမရဲ့ Facebook စာမျက်နှာမှာ တင်ပြထားခဲ့ပါတယ်။ မကြာသေးမီကမှ ထွက်ရှိထားတဲ့ “ကမ်းမဲ့လှေ” အပါအဝင် တခြား သီချင်းကောင်းတွေကို ဖျော်ဖြေပေးခဲ့ပါတယ်။ ပရိတ်သတ်တွေနဲ့ အပြတ်ကဲခဲ့ပေမယ့်လည်း နန်းစုလေးကတော့ နေမကောင်းတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။ Cmt ထဲမှာ “သုံးရက်ဆက်တိုက် အိပ်မပျော်ပဲ ခေါင်းတွေ မတရားကိုက် ခရီးရောက်မဆိုက် ဖျော်ဖြေရတဲ့ ပွဲမို့ အဆင်ပြေပမလားလို့ စိတ်ပူနေခဲ့တာ […]

Cele News

” ရင်ခုန်သံ ၇၄ရက် ” ရုပ်သံဇာတ်လမ်းတွဲ မှာပါဝင်သရုပ်ဆောင်မယ့် ခါရာ

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းဆွဲဖြစ်လာတဲ့ မော်ဒယ်သရုပ်ဆောင် ခါရာကတော့ အခုနောက်ပိုင်းအနုပညာအလုပ်တွေကို အဆက်မပျက်လုပ်ကိုင်လာပြီး ဇာတ်လမ်းတွဲတော်တော်များများမှာတွေ့မြင်လာရပြီး သူအနေနဲ့ ကျရာဇာတ်ရုပ်မှာအကောင်းဆုံးဖြစ်အောင် ဖော်ဆောင်ချပြနိုင်တဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ခါရာ အနေနဲ့ ” ရင်ခုန်သံ ၇၄ရက် ” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖို့ရှိပြီး နိုဝင်ဘာလ ၁၄ရက်နေ့မှာတော့ ကန်တော့ပွဲပေးကာ နိုဝင်ဘာလ ၁၅ရက်နေ့မှာစတင်ရိုက်ကူးမှာဖြစ်ပြီး ထုတ်လွှင့်ပြသမယ့် ရုပ်သံလိုင်းကတော့ MNTV မှာပဲဖြစ်ပါတယ်။ထိုဇာတ်လမ်းတွဲမှာတော့ တက်သစ်စ အနုပညာတွေအများဆုံးပါဝင်အားဖြည့်ထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ” ရင်ခုန်သံ ၇၄ရက် ” ရုပ်သံဇာတ်လမ်းတွဲမှာတော့ အနုပညာလောကထဲကို ၀င်ရောက်လာတာ သိပ်မကြာသေးပေမယ့်လဲသရုပ်ဆောင်းပိုင်းမှာ ပြီပြင်ပိုင်နိုင်တဲ့ မြတ်နိုးအေးနဲ့အတူတူ တွဲဖက်သရုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ထိုဇာတ်လမ်းတွဲလေးမှာတော့ ခါရာရဲ့ ဘယ်လိုဇာတ်ကောင် သရုပ်ဆောင်ချက်များနဲ့ တွေ့မြင်ရမလဲဆိုတာကတော့ ဇာတ်လမ်းလေး ထုတ်လွှင့်ပြသတဲ့အခါ မျှော်လင့်ကြည့်ရှုနေရမှာပဲဖြစ်ပါတယ်။ Source ; Khar Ra

Cele News

၁၀တန်း ကျောင်းသူဘဝတုန်းက အမှတ်တရ ဓာတ်ပုံလေး ချပြလိုက်တဲ့ ချောရတနာ

ချောရတနာကတော့ လက်ရှိမှာ သမီးလေးတစ်ယောက်၊ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက် ဖြစ်ပါတယ်။ သားလေးနဲ့ သမီးလေးကလည်း မေမေ့ဆီက အလှတရားတွေကို ပိုင်ဆိုင်ထားကြလို့ ပရိသတ်တွေရဲ့ သည်းသည်းလှုပ် ချစ်ခင်မှုကို ရယူထားကြပါတယ်။ ချောရတနာဟာ သူမ လျှောက်လှမ်းခဲ့တဲ့ အနုပညာခရီးလမ်းကြောင်းမှာ ကြော်ငြာဗီဒီယိုများနဲ့ ရုပ်ရှင်ကားကောင်းများကို ရိုက်ကူးထားခဲ့ပြီး ဖြစ်ပါတယ်။ “ဥ” ရုပ်ရှင်ဇာတ်ကားကြီးမှာလဲ အကောင်းဆုံး အမျိုးသမီး ဇတ်ပို့ဆုကို ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာတော့ ကြာခဲ့ပါပြီ။ သူမကို ချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ သူမရဲ့ အနုပညာအလုပ်တွေကို ဆက်ပြီး လုပ်စေချင်နေကြပါတယ်။ ခင်ပွန်းရဲ့ အပြည့်အဝ နားလည်ဖြည့်စည်းပေးမှုတွေအောက်မှာ သား၊သမီးလေးနဲ့အတူ ပျော်ရွှင်နေတဲ့ သူမကတော့ အိမ်ထောင်ကျပြီးတဲ့တိုင်အောင် အလှတရားတွေက တိုးပွားနေတုန်းပါပဲ။ ခုဆိုရင်တော့ သူမရဲ့ ငယ်စဉ်အခါ ဆယ်တန်းကျောင်းသူ ဘဝတုန်းက […]