Cele News

မုံရွာမြို့က မျက်မှန်ဆိုင်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပေးခဲ့တဲ့ အေးဝတ်ရည်သောင်း

သုံးဆယ်ကျော်မမတစ်ယောက်ရဲ့ အလှတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်တဲ့ မင်းသမီးချောလေး အေးဝတ်ရည်သောင်းက အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်ခဲ့သူတစ်ယောက်ပါပဲ။ ပရိသတ်တွေက အေးဝတ်ရည်သောင်းကို သူမ အနုပညာလောကထဲကို စတင်ဝင်ရောက်လာချိန် မော်ဒယ်ဘဝကတည်းက အခုချိန်ထိ အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းကလည်း အနုပညာလုပ်ငန်းတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး သူမကိုချစ်တဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး ဆုံတွေ့ခွင့်ရတဲ့ ဆိုင်ဖွင့်ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်ပေးနေတာ ဖြစ်ပါတယ်။ နိုဝင်ဘာလ (၁၈) ရက်နေ့ကလည်း အေးဝတ်ရည်သောင်းက မုံရွာမြို့မှာ ကျင်းပပြုလုပ်တဲ့ Smile Eyewear ဆိုင်ဖွင့်ပွဲ အခမ်းအနားလေးကို တက်ရောက်ဂုဏ်ပြုပေးခဲ့ပါတယ်။ အေးဝတ်ရည်သောင်းက “ကိုယ်ကမျက်စိလည်းစမ်းခဲ့သေးတယ်။ ပါဝါရှိတယ် မျက်မှန်တပ်ရမယ်တဲ့။ ၂ လုံးအပိုရတော့မယ်။ လေးလုံးဖြစ်တော့မယ်။ အရမ်းချစ်ပေးတဲ့မုံရွာနဲ့အနီးပါတ်ဝန်းကျင်မှ အမျိုးများအားလုံးကို အရမ်းချစ်ရပါတယ်နော်” ဆိုပြီး ပြောထားပါသေးတယ်။ အပျိုကြီး အေးဝတ်ရည်သောင်းကတော့ မုံရွာမြို့က […]

Cele News

မြန်မာဝတ်စုံလေး နဲ့ ကျက်သရေရှိရှိ လှနေတဲ့ ရွှေပိုးအိမ်

သရုပ်ဆောင် မင်းသမီးလေး ရွှေပိုးအိမ် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။သူမက အနုပညာကို ကြိုးစားလုပ်နေတဲ့ မင်းသမီးလေးပါ။ သရုပ်ဆောင်ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့ သူလေးပါ။ ရွှေပိုးအိမ်က သူမရဲ့ ဆွဲဆောင်မှုအပြည့်နဲ့ အမိုက်စား ပုံရိပ်ကလေးတွေကို သူမချစ်တဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ရွှေပိုးအိမ်ရဲ့အလှ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်တယ်နော်။ ရွှေပိုးအိမ်က သရုပ်ဆောင် ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တာကြောင့် သူမကိုချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပါ ။ ရွှေပိုးအိမ်က သူမကို ချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ ဆွဲဆောင်မှု ရှိတဲ့ ပုံရိပ်ကလေးတွေကိုဖော်ပြလေ့ရှိသူပါ။ ဒီတစ်ခါမှာလည်း သူမရဲ့ အလှ ပုံရိပ်ကလေးတွေကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ ရွှေပိုးအိမ်က လက်ရှိမှာ သီချင်းMTV များနဲ့ ကြော်ငြာလေးတွေ […]

Cele News

အဝါရောင်ဒေစီပန်းလေးတစ်ပွင့်လို နူးညံစွာလှပနေတဲ့ ပတ်ထရစ်ရှာ

မင်းသမီးချောလေး ပတ်ထရစ်ရှာက အဒေါ်ဖြစ်သူ အကယ်ဒမီ မြတ်ကေသီအောင်ရဲ့ အနုပညာအမွေတွေကို ဆက်ခံထားနိုင်တဲ့သူလေး ဖြစ်ပါတယ်။ ပတ်ထရစ်ရှာရဲ့ ဘိုဆန်တဲ့ မျက်နှာလေးနဲ့ သေးသွယ်ကျော့ရှင်းတဲ့ ခန္ဓာကိုယ်အလှကြောင့် ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ သဘောကျကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေက ပရိသတ်တွေနဲ့ အနည်းငယ် အဆက်အသွယ် ပြတ်တောက်ခဲ့တဲ့ ပတ်ထရစ်ရှာက အခုဆိုရင် အနုပညာလုပ်ငန်းတွေ ဆက်တိုက်လုပ်ကိုင်နေပြီး ပွဲအခမ်းအနားတွေကို တက်ရောက်ပေးနေလျက်ရှိတာကို တွေ့ရပါတယ်။ ဒီတစ်ခေါက်မှာလည်း ပတ်ထရစ်ရှာက သူမချစ်ရတဲ့ ပရိသတ်တွေအတွက် ဒေစီပန်းလေးတစ်ပွင့်လို လှပလန်းဆန်းနေတဲ့ သူမရဲ့ ပုံရိပ်အချို့ကို မျှဝေပေးထားပါတယ်။ ပတ်ထရစ်ရှာကတော့ ဘာမှမခွဲစိတ်၊ မပြုပြင်ထားပဲ သူမရဲ့ ပင်ကိုယ်ပုံစံလေးကိုက အရုပ်မလေးတစ်ရုပ်လို အရမ်းချစ်စရာကောင်းတာမို့ မြင်သူတိုင်းက ချစ်ကြတာ ဆန်းမယ် မထင်ပါဘူး။ ပတ်ထရစ်ရှာကတော့ ဘယ်အချိန်ကြည့်ကြည့် လှပမှုအပေါင်း သရဖူဆောင်းထားသူလေး ဖြစ်ပါတယ်။ […]

Cele News

ဒေါ်အောင်ဆန်းစုကြည်ကို Now & Ever အခွေနဲ့ စာအုပ်လေး လက်ဆောင်ပေးခဲ့ရလို့ ဝမ်းသာနေတဲ့ ခီမောင်နှံ

ပရိသတ်တွေက ခီမောင်နှံလို့ တင်စားကြတဲ့ မင်းသားချော ဇာဏ်ခီနဲ့ ဒါရိုက်တာ ခရစ်စတီးနားခီတို့ဟာ တူညီတဲ့ အနုပညာလမ်းခရီးကို လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ဟာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်ဖွယ် မိသားစုလေးကို တည်ဆောက်ထားကြသူများလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နားလည်မှုအပြည့်နဲ့ ချစ်စရာကောင်းတဲ့ သူတို့မိသားစုလေးကို ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။ ဒါရိုက်တာ ခရစ်စတီးနားခီနဲ့ မင်းသားချော ဇာဏ်ခီတို့က လတ်တလောမှာ “ထာဝရနှောင်ကြိုး” (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ခရစ်စတီးနားခီနဲ့ ဇာဏ်ခီတို့ ဇနီးမောင်နှံက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးနီးကပ်ကပ် တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ ခီမောင်နှံက သူတို့ရဲ့ “ထာဝရနှောင်ကြိုး” (Now & […]

Cele News

‘ကြိုးဖုန်း’ ရုပ်ရှင် Premier Show ပွဲကိုတက်ရောက်ခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ ပုံရိပ်များ

ပရိသတ်တွေက ချစ်စနိုးနဲ့ အူဝဲလို့ခေါ်တဲ့ အိန္ဒြာကျော်ဇင်ဟာ ပရိသတ်ချစ်ခင်အားပေးတဲ့အနုပညာရှင်တစ်ယောက်ပါ။ အမြဲလိုလို ခန့်ညားသပ်ရပ်လှပနေတဲ့ အမျိုးသမီး ပုံစံနဲ့ အူဝဲဟာ အနုပညာလောကမှာ အနုပညာလောကသားတော်တော်များများ စံထားရတဲ့ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ မအူဝဲ ဟာ သူမကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ကြိုးဖုန်း’ Premier Show ပွဲကိုတက်ရောက်ခဲ့တဲ့ သူမရဲ့ ပုံရိပ်တွေကို သူမရဲ့ Facebook စာမျက်နှာကနေ မျှဝေခဲ့တာလည်းဖြစ်ပါတယ်။ ‘ကြိုးဖုန်း’ ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာ (၂၁) ရက်နေ့မှာရုံတင်မှာဖြစ်ပြီး ဒီဇာတ်ကားကြီးမှာ အဓိကသရုပ်ဆောင်တွေအဖြစ် ဖြိုးငွေစိုး၊ အိန္ဒြာကျော်ဇင်၊ ရဲအောင်၊ ရွှေအိမ်စည် တို့ပါဝင်သရုပ်ဆောင်ထားတာလည်းတွေ့ရပါတယ်။ မအူဝဲဟာ တစ်ဖက်မှာ အနုပညာအလုပ်တွေကို အကောင်းဆုံးလုပ်ဆောင်နေပြီး တစ်ဖက်မှာလည်း ပရိသတ်လေးစားအားကျတဲ့ မိသားစုဘဝကိုအကောင်းဆုံးတည်ဆောက်ထားတာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးတို့ရေ မအူဝဲရဲ့ အလှပုံရိပ်လေးတွေကို ကြည့်လိုက်ကြရအောင်နော်။ Source; Eaindra Kyaw Zin

Cele News

စွမ်းနဲ့ သဘင်ချစ်တဲ့ပရိပ်သတ်တွေရဲ့ ပြသနားလေးကို ညှိနှိုင်းဖြေရှင်နေတဲ့ သဘင်ဥက္ကဋ္ဌဖိုးချစ်

သဘင်အနုပညာကတော့ ခေတ်ကာလကြာရှည်စွာမတိမ်မြုတ်ဘဲ အခုထိအောင် နယ်ဘက်ကပရိသတ်တွေကော မြို့ပေါ်ကပရိသတ်တွေပါ ကြိုက်နှစ်သက်နေဆဲဖြစ်တဲ့ သဘင်အနုပညာကတော့ ဘုရားပွဲတိုင်းမှာ မပါမဖြစ် ပါဝင်တဲ့အရာလေးဖြစ်ပါတယ်။လက်တစ်လောက နယ်ဘက်မှစွမ်းဇာနည် သဘင်အဖွဲ့ကို ဘုရားပွဲတွက်ငှားရမ်းခဲ့တာပဲဖြစ်ပါတယ်။ ထိုငှာရမ်းခဲ့တဲ့ပွဲလေးကိုတော့ အဓိကလူဖြစ်တဲ့ စွမ်းဇာနည် ကရောက်ရှိလာခြင်း မရှိတာကြောင့် ပွဲငှားရမ်းသူတွေနဲ့ ကြည့်ရှုသူတွေပါစိတ်ဆိုးခဲ့ကြပါတယ်။ထိုပွဲလေးကိုမရောက်ရှိခဲ့တာကတော့ စွမ်းဇာနည်တစ်ယောက် နေမကာင်းဖြစ်ပြီး ဆေးရုံတက်နေရတာကြောင့်ပဲဖြစ်ပါတယ်။ဒါပေမယ့် သဘင်မှာပါဝင်တဲ့ အနုပညာရှင်တွေတော့ ထိခိုက်မှုမရှိဘဲ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး ပွဲငှားသူတွေနဲ့ပရိသတ်တွေ ကျေနပ်မှုမရှိတာကြောင့် သဘင်ဥက္ကဋ္ဌဖြစ်တဲ့ ဖိုးချစ်ကနေ ဦးဆောင်ညှိနှိုင်းပေးနေတာပဲဖြစ်ပါတယ်။ဖိုးချစ်အနေနဲ့ ပွဲငှားခဲ့တဲ့ နေရာဒေသရဲ့ အုပ်ချုပ်ရေးမှုးနဲ့လဲ ဖုန်းနှစ်ခါပြောခဲ့ပြီး တက်နိုင်တဲ့ ငွေအမောက်ကို လျှော်ကြေးအနေနဲ့ လက်ခံပေးဖို့ ညှိနှိုင်းနေတာပဲဖြစ်ပါတယ်။ပြသနာဖြစ်နေတဲ့ တောက်လျှောက်လုံး စွမ်းနဲ့လဲ အဆက်အသွယ်မပြတ်ဘဲရှိနေခဲ့ပါတယ်။ကိုယ်တွေဘက်က တက်နိုင်တဲ့ လျှော်ကြေးနဲ့အဆင်မပြေတော့ရင်တော့ သက်ဆိုင်ရာ ဥပဒေဘောင်ဘက်ကပဲ သွားရမှာပါလို့ သိရပါတယ်။ Source ; MC

Cele News

သမီးလေးအတွက် သီချင်းလေးတစ်ပုဒ်လုပ်ပေးဖို့ ကျန်နေသေးတယ်ဆိုတဲ့ သက်မွန်မြင့်

အောင်မြင်နေတဲ့ အနုပညာကြယ်ပွင့်လေးဖြစ်တဲ့ သက်မွန်မြင့်လေးကတော့ သာယာပျော်ရွှင်လှတဲ့ မိသားစုဘ၀လေးကိုပိုင်ဆိုင်ထားပြီး ချစ်ဖို့ကောင်းတဲ့ သားလေးနဲ့ သမီးလေးကိုလဲရရှိထားပါတယ်။အကြီးဆုံးသားလေးကို ရရှိခဲ့တုန်းက သားလေးနဲ့ပတ်သက်ပြီး အမှတ်တရလေးဖြစ်အောင် သီချင်းလေးတစ်ပုဒ် ရေးစပ်သီဆိုခဲ့ပါတယ်။ သရုပ်ဆောင် သက်မွန်မြင့်ကတော့ သီချင်းသီဆိုရတာကိုတော့ ကြိုက်နှစ်သက်တဲ့ အနုပညာရှင်လေးပါ။သူမရဲ့ အသံမူရင်းကတော့ သီချင်းဆိုကောင်းတဲ့ အသံတော့မဟုတ်ပါဘူး။ဒါမယ့် သားဦးလေးကိုရရှိတဲ့ အခါမှာတော့ အမှတ်တရဖြစ်အောင် ခင်ပွန်းဖြစ်သူကနေ သီချင်းစာသားလေးကိုရေးစပ်ပေးခဲ့တာကြောင့် ဂီတအနုပညာရှင်တွေကို အကူအညီတောင်းပြီး သီဆိုခဲ့တာပဲဖြစ်ပါတယ်။ သမီးလေးကို ပိုင်ဆိုင်ရရှိလာတဲ့အခါမှာတော့ သူအတွက် သီချင်းလေးပြုလုပ်ပေးခဲ့တာမရှိပါဘူး။ဒါ့ကြောင့်လဲ တာဝန်လစ်ဟာသွားတယ်လို့ခံစားနေရပါတယ်။သက်မွန်အနေနဲ့ ဖန်တီးပေးချင်ပေမယ့် ခင်ပွန်းဖြစ်သူ စာသားလေးရေးစပ်ဖြစ်ရင်တော့ သမီလေးအတွက်သီဆိုပေးမှာပဲဖြစ်ပါတယ်။သမီးလေးကတော့ အစ်ကို့အတွက် ရေးစပ်သီကုံးထားတဲ့ သီချင်းလေးကိုပဲ သားနေရာမှာ သမီးပြောင်းဆိုနေတာကြောင့် နည်းနည်းတော့ ကြောက်မိတယ် စိတ်ဒါဏ်ရာ ရမှာဆိုးတာကြောင့် လို့သိရပါတယ်။ Source ; MC

Cele News

ရင့်ကျက်လာလေ တစ်ယောက်တည်း နေရတာကို ပိုသဘောကျလာတယ်ဆိုတဲ့ ခင်ဝင့်ဝါ

အလှမယ်တစ်ဦးနေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိခဲ့တဲ့ အလှမယ် မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီဖြစ်ပြီး၊ အောင်မြင်မှုတွေများစွာ ရရှိနေပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခင်ဝင့်ဝါက ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ ခရီးထွက်နေတာဖြစ်ပြီး၊ အရမ်းကို ချစ်စရာကောင်းတဲ့ သူမရဲ့ခရီးသွားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ရင့်ကျက်လာလေ တစ်ယောက်တည်း နေရတာကို ပိုသဘောကျလာတယ်ဆိုတဲ့ ခင်ဝင့်ဝါကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ပိုချစ်တော့မယ်လို့ ရေးသားထားပါသေးတယ်နော်။ ချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေး ခင်ဝင့်ဝါရဲ့ချစ်စရာပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ခင်ဝင့်ဝါကတော့ “ရင့်ကျက် လာလေ တစ်ယောက် ထဲ နေရတာကိုပိုသဘောကျပြီး ကိုယ့် ကိုယ်ကိုပို ချစ်လာလေ ပဲ 🥰” ဆိုပြီး သူမရဲ့ခရီးသွား အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ […]

Cele News

‌ဒေါင်းနဲ့ဖွေးဖွေးကို အတွဲညီညီတွဲဖက်မြင်တွေ့ရဦးမှာဖြစ်တဲ့ ကြော်ငြာလေး

အကယ်ဒမီများရှင် သရုပ်ဆောင်မင်းသမီးချော‌လေး ဖွေးဖွေးနဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်းအောင်မြင်မှုတွေကိုသိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသားချောလေး ဒေါင်းတို့ကတော့ သူတို့နှစ်ဦးရဲ့ ပထမဦးဆုံးတွဲဖက်မြင်တွေ့ရမယ့် ကြော်ငြာလေးတစ်ခုကိုရိုက်ကူးပုံဖော်နေတာပဲဖြစ်ပါတယ်။နှစ်ဦးသားကို အနုပညာအလုပ်တွေတွဲဖက်လုပ်ဆောင်တာမတွေ့ရသော်လည်း ကြော်ငြာထဲမှာတော့ ဒါကပထမဦးဆုံးကြော်ငြာလို့တောင်ဆိုရပါမယ် ။ ဖွေးဖွေးနဲ့ဒေါင်းတို့ရဲ့ အနုပညာတွဲဖက်လှုပ်ရှားမှုတွေကိုတော့ ရုပ်ရှင်ကားကြီး တစ်ကားမှလဲတွဲဖက်မြင်တွေ့ရမှာပါ။ထိုရုပ်ရှင်ကားကြီးကတောရိုက်ကူးနေတာဖြစ်ပြီး ရုံတင်တဲ့အခါကြရင်လဲဘယ်လိုမျိုးတွဲဖက်ညီတဲ့ သရုပ်ဆောင်ချက်တွေကိုတွေ့မြင်ရမလဲဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာပါ။ အနုပညာရှင်မောင်နှမ‌တွေဖြစ်ကြတဲ့ သူတို့နှစ်ဦးကို အတူတူတွေ့မြင်ရမယ့်ကြော်ငြာလေးကတော့ ချမ်းသာပုဆိုးကြော်ငြာလေးပဲဖြစ်ပါတယ်။ထိုကြော်ငြာပုံရိပ်ကလေးတွေကိုပရိသတ်တွေ ခံစားကြည့်ရှုနိုင်ဖို့အတွက် ကူးယူမျှဝေပေးလိုက်ပါတယ်။ Source ; Phway Phway

Cele News

ကြွေလွင့်သွားပြီဖြစ်တဲ့ အနုပညာရှင်တွေရဲ့ နံရံပန်းချီပုံရိပ်တွေကို လာရောက်ကြည့်ရှုခဲ့တဲ့ မိုးဒီ

အနုပညာလောကမှာ တန်ဖိုးရှိလှပြီး အရည်အချင်းရှိလှတဲ့ အနုပညာရှင်များအများစုကတော့ လောကဓံရဲ့ စိန်ခေါ်မှုတွေကြောင့် သဘာဝတရားကြီးကို မလွန်ဆန်နိုင်ဘဲ သေပွဲဝင်ခဲ့ကြရပါတယ်။ထိုအနုပညာရှင်တွေကို အမှတ်ရစေဖို့အတွက်ရယ် သဘာဝပတ်ဝန်းကျင်ကိုလည်းထိန်းသိမ်းသောအားဖြင့် နောက်ဘေးလမ်းကြားလေးထဲမှာ အနုပညာပုံရိပ်တွေကို နံရံပန်းချီများအဖြစ် အသက်သွင်းပြောင်းလဲထားပါတယ်။ ကြွေလွင့်သွားတဲ့ အနုပညာရှင်တွေကို တစ်နေရာထဲမှာ တစ်စုတစ်စည်းထဲမှာတွေ့ကြမှာဖြစ်တဲ့ အနုပညာလမ်းကြားလေးကတော့ အခုလက်ရှိမှာတော့ လူငယ်များကြားမှာရေပန်းစားနေတဲ့ နေရာလေးဖြစ်ပါတယ်။နံရံပန်းချီလေးတွေဖြစ်ပေမယ့်လဲ အရမ်းကို အနုပညာဆန်တာကြောင့် သက်ရှိထင်ရှားတွေ့မြင်နေရသလိုခံစားရမှာပဲဖြစ်ပါတယ်။ ထို အနုပညာလမ်းကြားလေးကို ပထမဦးဆုံးဖွင့်လစ်ခဲ့တဲ့ နေ့လေးမှာပဲ ဟာသ သရုပ်ဆောင်မိုးဒီကတော့ နေမကောင်းတဲ့ကြားထဲကနေ သွားရောက်ကြည့်ရှုခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပြီး စကားတွေကိုဖော်ရွှေစွာပျော်နေပေမယ့် မျက်လုံးထဲမှာတော့ ကြွေလွင့်သွားတဲ့အနုပညာရှင်တွေအတွက်မျက်ရည်စတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဒါ့အပြင် တွဲဖက်ပြီး ဟာသတွေအတူတူ တင်ဆက်ပြသခဲ့တဲ့ ညီအစ်ကို မော့စ်ရဲ့ပုံလေးကိုတွေ့မြင်တဲ့အခါမှာလဲ သတိရလွမ်းဆွတ်တဲ့ မျက်လုံးလေးကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ Source ; Cele Gaber