Cele News

သားနဲ့သမီးကို ချစ်လွန်းလို့ သားအမိသုံးယောက်ပုံကို လည်ဂုတ်မှာTattooထိုးလိုက်တဲ့ ‌မေမေချောရတနာ

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီချောရတနာဟာဆိုရင် အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာခဲ့ပြီး ချစ်ရတဲ့မိသားစုကိုသာ ဂရုစိုက်စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ ချောရတနာရဲ့ သားလေးနဲ့သမီးလေးကလည်း နည်းနည်းအရွယ်ရောက်လာပြီဖြစ်လို့ အနုပညာအလုပ်တွေကိုတစ်နိုင်တစ်ပိုင်လေးပြန်လည်လုပ်ဆောင်နေပါတယ်နော်။ ချောရတနာရဲ့ချစ်ခင်ပွန်းကလည်း ချစ်ဇနီးနဲ့ကလေးတွေအပေါ်ကို လိုလေသေးမရှိအောင်စောင့်ရှောက်ပေးပြီး ချစ်ဇနီးလေးရဲ့မွေးနေ့အတွက်လည်း ဖြစ်ချင်တဲ့ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးခဲ့ပါတယ်နော်။ပရိသတ်တွေကတော့ ချောရတနာရဲ့သာယာ‌နွေးထွေးတဲ့မိသားစုဘဝလေးကို အရမ်းအားကျကြပြီး ချောရတနာကိုလည်း ယနေ့အချိန်ထိ တစိုက်မက်မက်အားပေးချစ်ခင်နေကြဆဲဖြစ်ပါတယ်။ ချောရတနာရဲ့ သားလေးနဲ့သမီးငယ်လေး Co Coကလည်း အရမ်းချစ်စရာကောင်းပြီး တီတီတာတာလေးတွေပြောတတ်လွန်းလို့ ပရိသတ်တွေက ချစ်နေရတာဖြစ်ပါတယ်။ချောရတနာကတော့ ကလေးနှစ်ယောက်ကို သေချာသင်ကြားပြသပေးပြီး မိခင်မေတ္တာအပြည့်ပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း သားနဲ့သမီးကို ချစ်လွန်းလို့ သားအမိသုံးယောက်ပုံကို ဂုတ်မှာTattooထိုးလိုက်တာဖြစ်ပါတယ်နော်။ Credit; Myanmarload

Cele News

ပရိသတ်တွေကြားမှာစိတ်ဝင်စားမှုမြင့်တက်နေတဲ့ သူ့ရဲ့ချစ်သူလေးနဲ့ပုံရိပ်လေးကို ထုတ်ပြလိုက်တဲ့ ထွန်းထွန်း

အဆိုဘက်တွင်သာမကဘဲ သရုပ်ဆောင်ဘက်မှာပါထူးချွန်ပြောင်မြောက်တဲ့အနုပညာရှင်ကတော့ ထွန်းထွန်းပါ။ သူဟာ သီချင်းပေါင်းများစွာကို သီဆိုခဲ့သူတစ်ယောက်သာမကဘဲ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့သူတစ်ယောက်ပါ။ သူသရုပ်ဆောင်ခဲ့တဲ့ ” သံချောင်း ” ဆိုတဲ့ ဗီဒီယိုဇာတ်ကားလေးဟာလည်း ယနေ့ထိတိုင်ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာပါ။ လတ်တလေအနုပညာလှုပ်ရှားမှုအနေနဲ့ နှင်းဆီအဖွဲ့သားများနဲ့အတူ နှင်းဆီလှေလို့ အမည်ပေးထားတဲ့ ရန်ပုံငွေ အငြိမ့်ဖျော်ဖြေပွဲတစ်ခုဖျော်ဖြေရန် ရှိပါတယ်။ အခုတစ်လောသူ့ရဲ့ Facebook Myday တွင် ချစ်သူရဲ့အကြောင်းလေးတွေကို မကြာခဏတင်လေ့ရှိနေတာပါ။ ပရိသတ်တွေကြားမှာလည်း ဒီအကြောင်းအရာလေးကိုသိချင်နေကြတာပါ။ အခုတစ်ခေါက်မှာတော့ သူ့ရဲ့ ချစ်သူပုံရိပ်လေးကို အလင်းပြလိုက်ပါပြီ။ ထွန်းထွန်းရဲ့ Facebook myday တွင် သူ့ရဲ့ကောင်မလေးနဲ့ပုံရိပ်လေးကိုတင်ထားတာပါ။ ပရိသတ်တွေကြားမှာစိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဒီပုံရိပ်လေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။ Credit; Myanmarload

Cele News

သီတင်းကျွတ်​အမှတ်​တရ​တွေနဲ့ အိမ်​ကို လွမ်းတယ်​ဆိုတဲ့ နန်းစန္ဒာလှထွန်း

နန်းစန္ဒာလှထွန်းကတော့ ပရိသတ်တွေအရမ်းချစ်​ရတဲ့ ရှမ်းတိုင်းရင်းသူ လေးဖြစ်​ပြီး ယောကျာ်းလေးပရိသတ်တွေတမ်းတမ်းစွဲအား​ပေးရတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးပဲ ဖြစ်ပါတယ်။ ပထမဆုံးသူမရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲ ဖြစ်တဲ့ ပဉ္စလက်ရွာ ဇာတ်လမ်းတွဲ မှ ရေဝတီ ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေတစ်ခဲနက် အားပေးမှုကိုရရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။ “ငွေစက္ကူ(၇)ရွက် ” ဇာတ်လမ်းတွဲလေးမှာ တစ်ချိန်ကအရောင်းဝန်ထမ်းမလေးကနေ KTV မှာ ဖျော်ဖြေရတဲ့ မဟုတ်မခံဆတ်ဆတ်ကြဲ “သရဖီ” ဆိုတဲ့ ကောင်မလေးအဖြစ်ပရိတ့သတ်​​တွေ ၇ဲ့ အား​ပေးမှုကို အပြည့်​အဝရရှိထားပါ​သေးတယ်​။ မကြာခင်​သီတင်းကျွတ်​ကို ​ရောက်​​တော့မှာမို့နန်းတစ်​​ယောက်​သူမရဲ့ နယ်​မြို့က မိသားစုအိမ်​​လေးကိုအရမ်းဘဲ လွမ်းဆွတ်​လျက်​ရှိပါတယ်​” သီတင်းကျွတ်​ဆို မိသားစုနဲ့ အတူတူ ဖြတ်​သန်းချင်​တယ်​ အလုပ်​ရှိလာ​တော့ သီတင်းကျွတ်​လဲ အလုပ်​လုပ်​​နေရတာဘဲများတယ်​ မိသားစုနဲ့ ​ဝေးသွားတယ်​ ထီလှည်းက စိုင်းထီစိုင်​သီချင်း ​လေး​တွေကြားရင်​ အိမ်​ကို အရမ်းသတိရတာဘဲ နယ်​က​ကျ​တော့ တကယ်​ဖ​ယောင်းတိုင်​​လေး​တွေ ထွနိး မနက်​ဆိုရင်​ […]

Cele News

မြန်မာဝတ်စုံလေးနဲ့ ယဉ်ယဉ်လေးဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတဲ့ ခင်လေးနွယ်ရဲ့ ပုံရိပ်လေးများ

အပြုံးချိုချိုလေးတွေရယ် မျက်လုံးမှေးမှေးလေးနဲ့ ချစ်စရာလည်းအရမ်းကောင်းပြီး သရုပ်ဆောင်လည်းကောင်းတဲ့ သရုပ်ဆောင်မင်းသမီးချောလေးခင်လေးနွယ်ဆိုတာ အားလုံးရဲ့အသည်းကျော်လေးပါပဲနော်။ သူမဟာ လီဆူတိုင်းရင်းသူလေးတစ်ယောက်လည်းဖြစ်ပြီးတော့ ပရိတ်သတ်တွေပေးတဲ့ ရင်ထဲကနေရာတစ်နေရာကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အခုလတ်တလောမှာဆိုရင်တော့ သူငယ်ချင်းတွေနဲ့ အတူ အပန်းဖြေခရီးတွေ မကြာခဏဆိုသလိုထွက်ရှိနေတာလည်းဖြစ်ပါတယ်။ပရိသတ်တွေ အပေါ်မှာလည်း ရိုးသားပွင့်လင်းစွာ ပေါင်းသင်းဆက်ဆံတဲ့ အတွက်ကြောင့် လည်းပရိသတ်တွေ အချစ်ပိုနေရတာဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အတူ ပျော်ရွှင်အေးချမ်းစွာ အနုပညာအလုပ်တွေ လုပ်ရင်း သူမရဲ့ ဘဝကိုသာယာပျော်ရွှင်စွာ ဖြတ်သန်းနေတာဖြစ်ပါတယ်။ ခင်လေးနွယ်က ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။လတ်တလောမှာလည်း မြန်မာဝတ်စုံလေးနဲ့ ယဉ်ယဉ်လေး လှရက်လွန်းနေတဲ့ ပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိလှနေတာကြောင့်ပရိသတ်ကြီးကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ Credit; Myanmarload

Cele News

ဝါကျွတ်​မှာ အစွန်​ထုတ်​ဖို့ အစီအစဉ်​ ရှိမရှိကို​ပြောပြလာတဲ့ ဝိုင်းစုခိုင်​သိန်း

ဝိုင်းဆုဆိုရင်​​တော့ မိန်းက​လေး ပရိတ်​သတ်ေ​တွရဲ့ အား​ပေးမှုကို အခိုင်​အမာ ရရှိထားတဲ့ အဆို​တော်​တစ်​​ယောက်ဆိုတာကိုတန်းသိမှာပါ အ​ဆွေးသီချင်း​တွေ ​ရော အမြူးသီးချင်း​တွေ​ရော စွယ်​စုံ လိုလိုကိုရတဲ့ ဝိုင်းစုဟာ ယခု​နောက်​ပိုင်းမှာလာ်း သူမရဲ့ သီချင်းအသစ်​​တွေ အများကြီး ထပ်​ထွက်​ဖို့ရှိပါ​သေးတယ်​။ ချစ်​သူ ဖြစ်​သူ အဆို​တော်​​အောင်​လနဲ့ သာယာတဲ့ အချစ်​ခရီးလမ်း​လေးကို အတူတူ ​လျှောက်​လှမ်းလျက်​ရှိပီး ပရိတ်​သတ်​​တွေ အားကျရ​လောက်​တဲ့ ဆယ်​လီ စုံ တွဲ ဘဲဖြစ်​ပါတယ်​။ ဝိုင်းစုက​တော့ လာမယ့်​ သီတင်းကျွတ်​မှာ မင်္ဂလာသတင်းကြားရဖို့ မရှိ​သေးဘူး ဟု သိရပါတယ်” အဲ့လို​တွေ ​တော့မရှိ​သေးဘူး အဓိကက သူရယ်​ ကိုယ်​ရယ်​ ချစ်​ချစ်​ခင်​ ခင်​ နဲ့ ​ရှေ့ဆက်​သွားကြဖို့ဘဲ နားလည်း မှု​တွေနဲ့ ​ပေါ့ ဘာ​တွေ ဘယ်​လို လုပ်​မယ့်​ အဓိကက plan […]

Cele News

ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအတွက် အလှူငွေသွားရောက်လှူဒါန်းပါဝင်ခဲ့တဲ့ တက္ကသိုလ်ဂွမ်းပုံ

ပရိသတ်တွေရဲ့ အချစ်တော်လေး ဂွမ်းပုံကတော့ အနပညာလောကရဲ့ အောင်မြင်နေတဲ့ စွယ်စုံရသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အကယ်ဒမီတွေရရှိသည်အထိ အောင်မြင်နေတဲ့ ပရိသတ်အသည်းကျော်အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရော အနပညာရှင်တွေရဲ့ ချစ်တာကိုခံနေရတဲ့ ဂွမ်းပုံကတော့ ပရိသတ်အခိုင်အမာရရှိထားတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ သူမပါဝင်တဲ့ ဇာတ်ရုပ်တိုင်းကို အကောင်းဆုံနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူဖြစ်ပြီး ဂွမ်းပုံကတော့ သူမတတ်ကျွမ်းတဲ့ အနပညာနဲ့ ပရိသတ်တွေကို ပျော်ရွင်စေခဲ့သူလေးပဲ ဖြစ်ပါတယ်။ သူမပါဝင်တဲ့ ဇာတ်ကားတိုင်းဟာ ကြည့်ရူသူပရိသတ်တွေကို ဘဝအမောတွေ ပြေစေခဲ့တာပဲ ဖြစ်ပါတယ်။ ယခုမှာတော့ တက္ကသိုလ်ဂွမ်းပုံတစ်ယောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအတွက် အလှူငွေတွေ သွားရောက် လှူဒါန်းခဲ့ပါတယ်။ သူမကတော့ ” ရုပ်ရှင်သက်ကြီး.ပူဇော်.ပွဲအတွက်… ငါးသောင်းကျပ်. .လှူဒါန်းခဲ့ပါသည် ” ဆိုပြီး ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် တက္ကသိုလ်ဂွမ်းပုံရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်။ Credit; Myanmarload

Cele News

ရုပ်​တည်​နဲ့ ရိုတတ်​တဲ့ ခင်​ပွန်းအ​ကြောင်း​ပြောပြလာတဲ့ သက်​မွန်​မြင့်

သက်မွန်​က​တော့ ​​​အနုပညာ ​လောကမှာ ဆယ်​ဆုနှစ်​၂ခု အကြာတိုင်​ ရပ်​တည်​ နိုင်​ခဲ့ပြီး သူရဲ့ အ​ကောင်းဆုံး အနုပညာ ​တွေကို ပရိတ်​သတ်​​တွေကို ချပြနိုင်​ခဲ့သူလည်းဖြစ်​ပါတယ်​။အ​နေ​အေးပြီး ရိုးရှင်းတဲ့ သူ​လေးကိုပရိတ်​သတ်​​တွေက ​လေးစားချစ်​ခင်​ကြပါတယ်​ အနုပညာ သက်​တမ်းကြာမြင့်​တဲ့အထိကို ပရိတ်​သတ်​​တွေရဲ့ အား​ပေးချစ်​ခင်​မှု​လျော့ကျသွားခြင်းမရှိဘဲ လက်​ရှိအချိန်​ ထိ​အောင်​မြင်​​နေဆဲ မင်းသမီးတစ်​လက်​ဘဲ ဖြစ်​ပါတယ်​။ က​လေး၂​ယောက်​အ​မေလို့မထင်​ရ​လောက်​​အောင်​ကို ယခုအချိန်​ထိ နုပျိုပြီး အရင်​လိုလှမြဲဘဲဖြစ်​ပါတယ်​။သား​လေးသမီး​လေး​တွေနဲ့အတူ သာယာတဲ့ မိသားစု​လေး တစ်​ခု တည်​​ဆောက်​ထားပြီး တစ်​ဖက်​မှာလည်း အနုပညာအလုပ်​​တွေကို လုပ်​ကိုင်​​နေသူလည်းဖြစ်​ပါတယ်​။ ဒီ​နေ့မှာ​တော့ သက်​မွန်​သူမရဲ့ ခင်​ပွန်းရဲ့ ရုပ်​တည်​တည်​နဲ့ ဂရုစိုက်​တတ်​တဲ့ပုံ​တွေကို​ပြောပြလာပါတယ်” သူကရိုတတ်​တယ်​ တည်​တည်​နဲ့ surprise လည်းခနခနတိုက်​တယ်​ ကို​တောင်​​ကြောင်​​ကြောင်​သွားတယ်​ က​လေးကိုယူထား​တော့ဂရုစိုက်​ရတာ​ပေါ့ အမှန်​​တော့ ကိုယ့်​ထက်​၁နှစ်​ဘဲကြီးပါတယ်​ သူပုံကိုက အ​နေ​အေး ပြီး အလုပ်​မှာလည်း လူကြီးလုပ်​ရ​တော့ တည်​တည်​​လေးဖြစ်​​နေတာကိုယ်​က​တော့ အိမ်​မှာလည်းအငယ်​ဆုံး […]

Cele News

ပုရိသတွေရဲ့ အသည်းကို စွဲမက်ဖွယ်အလှတရားနဲ့ သိမ်းပိုက်လိုက်တဲ့ ဂျူးဂျူးသစ္စာ

ပရိသတ်တွေရဲ့ အချစ်တော်လေး ဂျူဂျူးသစ္စာကတော့ ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်။ရိုးရိုးယဉ်ယဉ်လေးနဲ့လှတဲ့သူမကတော့အနေအေးပြီး အနုပညာလောကမှာ ပရိသတ်အခိုင်မာရကာ အောင်မြင်မှုကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ ကလေးတစ်ယောက်လိုအမူရာလေးတွေနဲ့အမြဲ ညို့ယူဖမ်းစားနိုင်သူလေးလည်းဖြစ်ပါတယ်။ ပိန်သွယ်လှပတဲ့ ခန္ဓာကိုယ်လေးနဲ့အတူ မြင်သူချစ်မိစေတဲ့ သူမရဲ့အလှက ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးမှုတွေသာမက မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။သူမဟာ အပြုံးချိုချိုလေးတွေရယ် ချစ်စရာဟန်ပန်လေးတွေရယ်နဲ့ အမြဲတမ်း သရုပ်ဆောင်တက်တာကြောင့် ပရိတ်သတ်တွေက အသဲစွဲနေရခြင်းလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း ချစ်စရာအရမ်းကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ရိုက်ထားတဲ့ ပုံလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ ပုံလေးထဲမှာ ဂျူးတစ်ယောက် အရမ်းချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။သူမကတော့ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း ဂျူဂျူးသစ္စာရဲ့ ပုံလေးကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ် Credit; Myanmarload

Cele News

ပရိတ်​သတ်​​တွေကို အူတို​အောင်​ စလိုက်​တဲ့ ​ဖွေး​ဖွေး

မင်းသမီး​ချော​လေး ​ဖွေး​ဖွေးက​တော့ ပရိတ်​သတ်​အခိုင်​အမာရရှိထားတဲ့ မင်းသမီးတစ်​လက်​ဖြစ်ပြီး အမြို့အမြို့အနယ်​နယ်​ရှိပရိတ်​​သတ်ေ​တွရဲ့ အား​ပေးခြင်းကို ရ ရှိထားသူပါ။ အကယ်​ဒမီ ၃ ဆုကို ရရှိပိုင်​ဆိုင်​ထားပြီး လက်​ရှိမှာလည်း ပရိတ်​သတ်​အကြိုက်​ဖြစ်​​စေမယ့်​ ဇာတ်​​ကား​ကောင်းများစွာကို ရိုက်​ကူးထားပါ​သေးတယ်​။ ​​ဖွေးရဲ့ ဇာတ်ကားများဟာလည်း ပရိတ်​သတ်​​တွေကြား လူကြိုက်​များကာ ရုံပြည့်​ရုံလျံ အား​ပေးကြစမြဲ ပါဘဲ..​ဖွေး​ဖွေးဟာ accident ဖြစ်​ပြီး ​ ရှပ်​ရှင်​ဇာတ်​ကား​တွေ မရိုက်​ဘဲ အနားယူထားခဲ့ရာ ယခုအခါ ၆လကြာမှ ပထမဆုံးအ​နေနဲ့ အချစ်​ဇာတ်​ကား​လေးကို လက်​ခံရိုက်​ကူး​တော့မှာဘဲဖြစ်​ပါတယ်​။ ဒီက​နေ့​လေးမှာ​တော့​ဖွေး​ဖွေးက ပရိတ်​သတ်​​တွေကို စိုးရိမ်း​အောင်​ ကျီစယ်​ထားပါ​သေးတယ်​.. သူမရဲ့ ​ဖေ့စ်​ဘုတ်​ခ်​ မှာ ဆင်​တူ ဖိနပ်​​လေးဝတ်​ကာပရိတ်​သတ်​​တွေကို စထားပါ​သေးတယ်​။ အကဲပို အချစ်​သည်းလွန်းတဲ့ သူမရဲ့ ပရိတ်​သတ်​​တွေဟာလည်း သို့​လောသို့​လောနဲ့ ဖြစ်​​နေကြပါတယ်​။ အစသန်​တဲ့ ​ဖွေး​လေးကလည်း သူမရဲ့ ပရိတ့သတ်​​တွေကို” ဟဲဟဲ […]

Cele News

ဟာသရုပ်​ရှင်​တူတူထပ်​ရိုက်​ကြဦးမယ့်​ ထက်​ထက်​၊မကြီးဆန်း ၊လင်းလင်းနဲ့သုသု

ပရိတ်​သတ်​​တွေကို ရသတစ်​မျိုး​ပေးစွမ်းနိုင်​ခဲ့တဲ့ “ကျားကျားကြိုက်​ကြိုက်​” ဇာတ်​ကားကြီးဟာ ပရိတ်​သတ်​​တွေကြား​အောင်​မြင်​မှု တစ်​ခုရရှိခဲ့တာဘဲဖြစ်​ပါတယ်​။ ယင်းဇာတ်​ကား​လေးဟာ ဟာသ ဇာတ်​ကား​မျိုး​လေးဖြစ်​ပြီး ထက်​ထက်​၊လင်းလင်း၊ခင်​ဆန်းဝင်း၊သုသုတို့ကပါဝင်​ခဲ့ပြီး မင်းသား​ချောမြင့်​မြတ်​လည်း ပါဝင်​သရုပ်​​ဆောင်​ခဲ့ပါ​သေးတယ်​။ ယခုတစ်​ခါမှာလည်း သူတို့​လေး​ယောက်​ဟာ ​နောက်​ထက်​ ဟာသ ကား​လေး တစ်​ခု ထပ်​ရိုက်​ဖို့စီစဉ်​လျက်​ရှိ​ကြောင်းကို ထက်​ထက်​က ​ပြောပြသွားပါ​သေးတယ်​” အခု ​နောက်​ထပ်​ ဟာသကား​လေး ရိုက်​ဖို့ ရှိတယ်​ ဒီ​လေး​ယောက်​ဘဲ ထပ်​ပါမယ်​ အရင်​ ဒါရိုက်​တာ ပါဘဲ ကုမ္ပဏီ က​တော့​ပြောင်းသွားတယ်​ မင်းသားက​တော့ တစ်​​ယောက်​ပါမယ်​ တိကျသိမှာထပ်​​ပြောသွားပါမယ်​ ကိုယ်​က သရုပ်​​ဆောင်​တာ မတတ်​​သေး​တော့ ဒရမ်​မာ​တွေ​တော့ မလုပ်​ဘူးလိုပါ​သေးတယ်​ ဟာသ​လေးဘဲ သရုပ်​​ဆောင်​သွားမှာပါ “ပရိတ်​သတ်​​တွေလည်း ထက်​ထက်​တို့​လေး​ယောက်​ရဲ့ ဟာသ အခွီး​လေး​​တွေကို အား​ပေးဖို့အဆင်​သင့်​ဘဲလား.. Source MC