Crime news

မန္တလေး ၆၆လမ်း ကျုံးဘေး ပလက်ဖောင်းပေါ်ရှိ အားကစားကိရိယာများကို မစင်သုတ်လိမ်းသွားခြင်း

မန္တလေးကျုံးပတ်လည်မှာ ပြည်သူတွေ အားကစားလုပ်ရန်အတွက် အားကစားပစ္စည်းများကို ထားရှိပေးထားတာကို စာဖတ်သူတွေ သိရှိပြီးဖြစ်ပါလိမ့်မယ်။ အဆိုပါ အားကစားကိရိယာတွေရဲ့လက်ကိုင်နေရာတွေမှာ မစင်များလာရောက်သုတ်လိမ်းထားရှိမှုကို ကျုံးဘေးမှာ ထားရှိတဲ့ CCTV မှတ်တမ်းများအရ တွေ့ ရှိထားပါတယ်။ ဓါတ်ပုံပါလာရောက်သုတ်လိမ်းသူဟာ ၆၆လမ်း ကျုံးဘေးပလက်ဖောင်းရှိ အားကစားကိရိယာတွေကို လာရောက်သုတ်လိမ်းသွားခြင်းဖြစ်ပါတယ်။ မစင်တွေကို အိပ်နဲ့ ထည့်လာပြီးသုတ်လိမ်းခြင်းဖြစ်တဲ့အတွက် ဒါဟာကြိုတင်ပြင်ဆင်လာတဲ့ အချက်ဆိုတာ သိသာနိုင်ပါတယ်။ ယခုလို လာရောက်သုတ်လိမ်းသူကို ဖမ်းဆီးရမိစေရန်လည်း ပြည်သူတွေက ၀ိုင်းဝန်းကူညီကြဖို့ ကို ဆော်သြ ထားတာကိုတွေ့ ရှိရပါတယ်။ Source: Ohmar Win

Crime news

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA မှ တပ်ရင်းမှူးတစ်ဦး လုပ်ကြံခံရ၍ သေဆုံး

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် -DKBA မှ တပ်ရင်းမှူးတစ်ဦးသည် ယမန်နေ့ ည ၇ နာရီခွဲဝန်းကျင်အချိန် ၎င်းနေအိမ်အတွင်းရှိနေစဉ် အမည်မသိသေနတ်တစ်ဦးမှ သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုကြောင့် သေဆုံး သွားကြောင်း သိရသည်။ သေဆုံးသွားသူမှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် -DKBA ၉၀၉ တပ်ရင်းမှ အသက် ၄၉ နှစ်အရွယ် တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး စောဝေ့ထူးဖြစ်ကြောင်းသိရပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ DKBA ကော့ကရိတ် ဆက်ဆံရေးရုံးမှ ဌာနမှူး ဗိုလ်မှူးကြီးစောကျော်သန်းဌေးက ယခုလို အတည်ပြုပြောကြားသည်။ ၎င်းက “ ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ မနေ့ညက ၇ နာရီ၊ မိနစ် ၂၀ လောက်မှာပဲ အမည်မ သိသေနတ်သမားက လာလုပ်ကြံတာဖြစ်ပါတယ်။ အိမ်မှာပဲဖြစ်တာပါ” ဟုကေအိုင်စီသို့ပြောသည်။ ယမန်နေ့ညက ကော့ကရိတ်မြို့၊ အမှတ် ၁ ရပ်ကွက်၊ ချောင်းတောင်ကွက်သစ် ၂ […]

Crime news

မန္တလေး Great Wall Center နားမှာ လူတစ်ဦး သုံးထပ်တိုက်ပေါ်မှ ခုန်ချ

 78လမ်း 32 ×33 ကြားမှာ ခုနလေးတင် လူတစ်ဦး Mandalay ဖိနပ်ဆိုင် Great Wall Center နဲ့ ဆက်နေတဲ့ 3ထပ်အဆောက်အုံ အပေါ်ဆုံးကနေ ပြုတ်ကျလာတာလား ခုန်ချတာလားမသိဘူးအသက်တော့ရှုနေသေးတယ် ကိုယ်တွေ့တုန်းက သွေးထွက်တာမမြင်သေးဘူး ဘယ်သူမှလည်းမကိုင်ရဲကြဘူး ရဲတွေရောက်အလာကိုစောင့်နေကြတာ ခဏနေတော့ရဲတွေရောက်လာတယ် လူတွေအုံလာတာနဲ့ လမ်းပိတ်မှာစိုးလို့ ကြည့်တဲ့လူတွေပြန်ခိုင်းတယ် ကိုယ်ကတော့စပ်စုလို့ကောင်းတုံး ကြည့်နေရင်းသွေးတွေစီးလာတာတွေ့ရတယ် ရဲတွေနာရေးကူညီမှုအသင်းကား ဖုန်းဆက်ခေါ်တယ် ဘယ်လိုဖြစ်တာလဲတော့အတိကျမသိဘူး Great Wall အပေါ်ထပ် KTV က ကောင်လေးတွေ ရဲကိုဖုန်းဆက်ပေးလိုက်တာထင်တယ် ရဲတွေရောက်လာတော့ KTVကကောင်လေးတွေ သက်သေလိုက်ရမှာစိုးလို့ထင်တယ် KTVကိုလှည့်ပြန်ချိန် ရဲကအတင်းပြန်ခေါ်တယ် မင်းတို့KTVကနေပြေးလာတာဆို ဟုတ်လားတဲ့ ဘာတွေမှန်းနားမလည်တော့ဘူး ကိုယ်လည်းခဏနေ သက်သေခံအဖြစ်ဆွဲခေါ်သွားမှာကြောက်လို့ အိမ်ပြန်လာခဲ့လိုက်တော့တယ် Credit Nectat Jame

Crime news

ဖုန်းဖြင့် Game ကစားရင်း ရထားလမ်းကူးရာမှာ ပြုတ်ကျသေဆုံး

ပခုက္ကူ ဧရာဝတီတံတားပေါ်တွင် 21.9.2019 ည ၁၀နာရီခွဲခန့်က မိုဘိုင်းဂိမ်း ကစားနေသော သူငယ်ချင်း၆ယောက်အုပ်စုမှ ၃ယောက်သည် တံတားမိုင်တိုင် ၃၁ တွင်ရထားလမ်ဘက်အခြမ်း၌ ဂိမ်းကစားနေကြစဉ်၂ယောက်မှ ပြန်ကြအောင်ဟု ပြောပြီး ရထားလမ်းဘက်မှကားလမ်းဘက်သို့ ကူးကြစဉ် မောင်ကောင်းဆက်ဟိန်းမှာ ဂိမ်းဆော့ရင်း တန်းလန်းဖြင့် ရထားလမ်းကို ကူးလာရာ ကားလမ်းနှင့်ရထားလမ်းအကြား တစ်ပေခန့် ဟနေသောနေရာမှ တံတားအောက်သို့ ပြုတ်ကျခါ တံတားအောက်ရှိကရိမ်းနှင့် တံတားသံဘောင်များပေါ်သို့ ကျပြီး နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ သေဆုံးသူ မောင်ကောင်းဆက်ဟိန်းမှာ ပထမနှစ်ကျောင်းသားဖြစ်ပြီးရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်၊ ဥက္ကံရွာမ မှပခုက္ကူမြို့ပေါက်လမ်း မျက်မမြင်ကျောင်းရှေ့ ကံသာ ရေခဲသေတ္တာနှင့်အဲယားကွန်းဆိုင်တွင် ပညာသင်ကြားနေသူဖြစ်ပါတယ်။ ညစဉ်၈နာရီမှ၁၀နာရီခန့်အထိ ထိုနေရာတွင်ဂိမ်းဆော့သည်မှာ ညတိုင်းဟုသိရပါတယ်။ credit:သတိုးသတိုးအောင်

Crime news

သိမ်ဇရပ်ဆေးရုံဝန်ထမ်း အမျိုးသမီးတစ်ဦး ဓာတ်မှန်ခန်းထဲတွင် ဆေးသောက် သေဆုံးမှုဖြစ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့ သိမ်ဇရပ်မြို့နယ်ဆေးရုံ ဓာတ်မှန်ခန်းအတွင် အမျိုးသမီးတစ်ဦးဆေးသောက်သေဆုံးမှုဖြစ်သွားခဲ့တယ်လို့သိရသည်။ အဆိုပါဖြစ်စဉ်မှာ ၂၀ – ၉ – ၂၀၁၉- ရက်နေ့ ညနေပိုင်း၎ နာရီ ၃၀ အချိန်ခန့်က သိမ်ဇရပ်တိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော မသဇင်အေး(၃၀)နှစ်(ဘ)ဦးသန်းအေး ဓာတ်မှန်ကျွမ်းကျင် ၄ အကွက်(၆)ရပ်ကွက် သိမ်ဇရပ်မြို့နေသူသည် ဓာတ်မှန်ဖလင်ဆေးသောအခန်းအတွင်း ဆိုဖီယမ်းဆာယာနိုက်အဖြူရောင်ဓာတုဆေးမှုန့်များသောက်ပြီး သေဆုံးသွားကြောင်း ရဲမှတ်တမ်းများအရသိရသည်။ သေဆုံမှုနှင့်ပါတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် ဒုရဲအုပ် သန့်စင်ကျော်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် သိမ်ဇရပ် ရဲစခန်းမှ သေမှု သေခင်း အမှတ်စဉ် ၁၂/၂၀၁၉-ဖြင့် စခန်းမှူး ရဲအုပ်ခင်မောင်စိုးမှ ရေးဖွင့်ပြီး အလောင်းအား သိမ်ဇရပ် ဆေးရုံ သို့ပေးပို့ပြီးစစ်ဆေးမှုများဆောင်ရွက်နေကြောင်းဆက်လက်သိရသည်။ Credit: သတင်း-စိုးကြီး(ဝေါ)

Crime news

မြန်မာပြည်အနှံ့ သွားလာပြီး ကာမနှင့် ငွေကြေးလိမ်လည်ရယူခဲ့သူ မြန်မာပလာဇာအနီး၌ ဖမ်းမိ

မြန်မာပြည်အနှံ့သွားလာပြီး မိန်းကလေး များကို ချဉ်းကပ်၊ ချိန်းတွေ့ပြီး ကာမလိမ်လည် ရယူခဲ့သည့် အမျိုးသားကို ရန်ကုန်မြို့ မြန်မာပလာ ဇာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးခဲ့သူ တစ်ဦးထံမှ သိရသည်။ “သူကမြန်မာပြည်အနှံ့သွားလာပြီး ကောင် မလေးတွေကို ချဉ်းကပ်ပါတယ်။ ချိန်းတွေ့ပြီး ကာမကို လိမ်လည်ရယူပါတယ်။ ပြီးတော့ ကောင် မလေးတွေဆီက ပစ္စည်းနဲ့ ငွေကြေးတွေကို လိမ် လည်ရယူပြီး ထွက်ပြေးတိမ်းရှောင်ပါတယ်။ ကောင်မလေးတွေအနေနဲ့ ရှက်လို့ အမှုဖွင့်ထား ခြင်းတော့မရှိပါဘူး။ အဲဒီဖြစ်စဉ်တွေကို လမ်းပြ ကြယ်ကွန်ရက်(ပြင်ဦးလွင်)မှ ဒေါ်မြအေးငြိမ်းက ကျွန်တော့်ထံ ပြောပြအကူအညီတောင်းပါတယ်။ ဒါနဲ့ ရန်ကုန်က ရဲအုပ်ရာဇာမြငြိမ်းနဲ့ ကိုဝေလင်းတို့ဆီ ဆက်သွယ်ပြီးထပ်ဆင့် အကူအညီတောင်းခံခဲ့ပါတယ်။ ကိုဝေလင်း fake accountနဲ့ အဲဒီလူလိမ်ကို ချဉ်းကပ်ပြီး လက်ရဖမ်းဆီးပေးခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့လူကောင်းတွေ စည်းလုံးနေရင် […]

Crime news

ထိုင်းမြန်မာနယ်စပ် မှာ အွန်လိုင်းကနေ အလုပ်ရှာဖွေ နေသူ မိန်းကလေး (၅၀) ကျော် အလိုမတူဘဲ လိင်ဆက်ဆံ ခံရ

တပ်ခရိုင် မဲဆောက်မြို့ က Mae Ku မဲကု Mae Kasa မဲကစာ Mae Pa မယ်ပ နဲ့  ထဆိုင်လွတ်(၀) Tha Sai Luad ရပ်ကွက်တွေမှာ နေထိုင်နေကြသူတွေရဲ့  ကိုယ်တွေ့ ဖြစ်ရပ် ကို မဲဆောက်အခြေစိုက် သက်တန့် ရောင်စုံ သတင်းထောက်က ရေးသားဖေါ်ပြထားတာပါ။ အွန်လိုင်းကနေ အလုပ်ရှာနေတဲ့ အမျိုးသမီးတွေကို တနာရီကို ထိုင်းဘတ် ငွေ (၅၀၀) ကျပ်နှစ်သောင်းခွဲ နဲ့ နိုင်ငံခြားသားဧည့်ကြိုဆိုရေး၊ ဖက်ရှင် အလှပြမယ် Pretty ၊ ခရီးသွား လမ်းပြ အလုပ် စသဖြင့် မက်လုံးပေး ကြော်ငြာပြီး “ငါးစားချ ” မြှား ခေါ်ထားတာဖြစ်ပါတယ်။ အွန်လိုင်း ကနေ […]

Crime news

လေးနှစ်အရွယ် ကလေးငယ်ကိုမှ သားမယားပြုကျင့်တဲ့ ဖြစ်ရပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် စက်တင်ဘာလ( ၁၈ )ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်ခန့်၌ အသက် (၄) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရကြောင်းသိရှိရသည်။ ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မိုင်သော်အရှေ့ကျေးရွာအုပ်စု၊ ဟဲကယ်ကျေးရွာတွင် မနန်း…(၄)နှစ်အရွယ် ကလေးငယ်သည် တစ်ရွာတည်းနေ စိုင်းထွန်းအောင်(၁၃)နှစ်၏ နေအိမ်အောက်ထပ်တွင် ဆော့ကစားနေစဉ်စိုင်းထွန်းအောင်(၁၃)နှစ်မှ အိမ်ပေါ်ထပ်သို့ပွေ့ချီကာခေါ်သွားခဲ့ပြီး အိပ်ခန်းအတွင်းရှိ ကုတင်ပေါ်တွင် သားမယားအဖြစ် ၂ ကြိမ်ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဖွားဖြစ်သူထံသို့ငိုယိုပြီး ပြန်လာသည့် ကလေးငယ်အား မေးမြန်းကြည့်ရာမှ မုဒိမ်းကျင့်ခံခဲ့ရကြောင်းသိရပြီး ရဲစခန်းသို့တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သားမယားပြုကျင့်ခဲ့သည့် စိုင်းထွန်းအောင်( ၁၃ )နှစ်၊ (ဘ)ဦးစိုင်းဝါယမ၊ နယ်မြေ(၁၀)၊ မိုင်သော်အရှေ့ကျေးရွာအုပ်စု၊ ဟဲကယ်ကျေးရွာ၊ ရွှေညောင်မြို့ နေထိုင်သူအား ရွှေညောင်မြို့နယ်မြေရဲစခန်း(ပ)၁၄၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ Source: […]

Crime news International

၁၆နှစ်အရွယ်ကောင်လေး သေလုနီးပါး ဓါးနဲ့အထိုးခံနေရတာကို မကူညီပဲ video ရိုက်ပြီး snapchat ပေါ်တင်ခဲ့ကြတဲ့ ဆယ်ကျော်သက်လေးတွေ

ဓါတ်ပုံပါ အသက် ၁၆ နှစ်အရွယ် လူငယ်လေး ခဲဆန်မောရစ်ဟာ ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာ သေလောက်အောင် ထိုးခံထားရတဲ့ ဓါးဒဏ်ရာတွေနဲ့ သွေးအိုင်ထဲမှာလဲနေပါတယ်။ သူ့ကို ၀ိုင်းပြီးကြည့်နေတဲ့ သက်တူရွယ်တူလူငယ်အရေအတွက် ဟာ အယောက် ၅၀ လောက်ရှိပါတယ်။ ဒါပေမယ့် အဆိုပါ အယောက် ၅၀ဟာသူ့ကို ကူညီဖေးမဖို့၊ ဆေးရုံပို့ဖို့ ကြည့်နေတာဟုတ်ပါဘူး။ Snapchat လို့ ခေါ်တဲ့ social media ပေါ်ကို ဒီသတင်းနဲ့ ပုံတွေကို အပြိုင်တင်ဖို့ ရိုက်ယူနေကြတာပဲဖြစ်ပါတယ်။ ခဲဆန်မောရစ်ဟာ ဆေးရုံအရောက်မှာ အဲ့ဒီဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။ နောက်လမှာဆိုရင် သူဟာ အသက် ၁၇ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အဲ့ဒီဖြစ်ရပ်ကို မျက်မြင်တွေခဲ့တဲ့ရဲအရာရှိကတော့ ” လူငယ်တွေဟာ သူတို့ သူငယ်ချင်း မောရစ်ကို ကူညီရမယ့်အစား video ရိုက်ပြီး […]

Crime news National

ထိုင်းနိုင်ငံအတွင်းရှိ ကရင်လူမျိုးများအရေးအတွက် တက်ကြွလှုပ်ရှာသူ အသက်ခံရသည့်အမှု စတင်စစ်ဆေးပြီ

၂၀၁၄ ခုနှစ် ပြီလ ၁၇ ရက် နေက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင် ကမ်ကရချန် အမျိုးသား သစ်တောကြိုးဝိုင်း အတွင်းမှာ အသတ်ခံရတဲ့ နိုင် ဖေါ်ရကြည်ရပ်ကျုံကျလန် (ဘီလီ) Porlajee “Billy” Rakchongcharoenရဲ့ အမှုကို DSI အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ က လေးလ တာ စစ်ဆေးခဲ့ပြီး တဲ့နောက် ခုလို လူသတ်မှုမှာ ပါဝင်ပါတ်သက်နေသူ လေးဦးကိုတရားရုံးက ခေါ်ယူစစ်ဆေးတာဖြစ်ပါတယ်။ သစ်တောအကြီးတန်း အရာရှိတွေ ပါဝင်နေတဲ့ ပါဝင်ပက်သက်နေတဲ့သူ(၄)ဦးကို လူသတ် မှု -တရားမ၀င် ဖမ်းဆီးချုပ်နှောင်မှုနဲ့  လုယက်မှု နဲ့  ရုံးတင်တရားစွဲမှာဖြစ်ကြောင်း ဘန်ကောက်ပိုစ့်သတင်းမှာ ဖေါ်ပြထားပါတယ်။ လူသတ်တ၇ားခံ လေးဦးကို ဖမ်းဝရမ်းထုတ်နိုင်ဘို့  နောက်ထပ် ခိုင်လုံတဲ့သက်သေ အထောက်အထားတွေရှိနေပြီလို့ လည်း […]