Crime news

စိတ်ကြွဆေးပြား များအား ခါးပတ်သယ်ဆောင်လာသည့် မြန်မာနိုင်ငံသူအား ထိုင်းမြန်မာနယ်စပ်စစ်ဆေးရေးဂိတ်တွင်ဖမ်းမိ

စ်ေတင်ဘာလ ၁၀ ရက်နော့ နံနက်ပိုင်းက ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ ကနေ ဘန်ကောက်ကိုထွက်ခွာလာတဲ့ ဗင်ကားပေါ်မှာလိုက်ပါလာသူမြန်မာ နိုင်င့သာ နော်မူ အသက် ၃၆ နှစ် ကို ဘန်ဟွေ့ ဟင် နယ်စပ် ဂိတ်အမှတ်( ၁၄ )စစ်တပ်က မင်္သကာလို့  ရှာဖွေခဲ့တာဖြစ်ပါတယ်။ နော်မူဟာ တခြားအမျိုးသမီးတစ်ဦးရဲ့  နိုင်ငံသားကဒ်ကို ယူသုံးလာတာကို စစ်ဆေးသိရှိသွားပြီး သူမကို ကားပေါ်ကနေ ရဲဂိတ်မှာဆက်လက်စစ်ဆေးဘို့  ဖမ်းဆီးထားခဲ့တာပါ။ စစ်ဆေးနေချိန်နော်မူ ဟာမူပျက်နေပြီး အိမ်သာတက်လိုကြောင်း မကြာခဏတောင်းဆိုနေတာကြောင့် အမျိုသမီးရဲမေ နဲ့  သူမကိုယ်ကို စစ်ဆေးခဲ့ပါတယ်။ အမျိုးသမီး ရဲမေက သူမရဲ့  ကိုယ်ကို စမ်းသတ်ရှာဖွေခဲ့ရာမှာ ရာဘ စိတ်ကြွဆေး ၃၈၇၁ ပြားကို ခါးပတ်ပြီးသယ်ဆောင်လာတာ […]

Crime news

ရွှေဈေးတက်နေတဲ့အချိန် ရွှေခိုးတဲ့သူခိုး ဖမ်းမိ

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ နေအိမ်(၁)အိမ်မှ ရွှေထည်ပစ္စည်းများခိုးယူသူအား အချိန်တိုအတွင်း ဖမ်းဆီးရမိ ၃၁.၈.၂၀၁၉ ရက်နေ့ ၁၈၃၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ သီရိဟေမာလမ်း၊ အမှတ်(၂၀)နေ ဆရာမ ဒေါ်—-သည် ၎င်းတာဝန်ကျရာ အထက(၁)ဒဂုံကျောင်းမှ နေအိမ်သို့ပြန်လာစဉ် နေအိမ်တံခါးမကြီးမှာ ပွင့်နေသဖြင့် အိမ်အတွင်းသို့ ဝင်ရောက်စစ်ဆေးရာ အဝတ်ဘီရိုမှာပွင့်နေပြီး ဘီရိုအတွင်းရှိ ရွှေထည်နှင့်စိန်ထည်ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ်(၂၀၆)သိန်းခန့် ပျောက်ဆုံး နေသည်ကို တွေ့ရှိရသဖြင့် ခိုးယူသွားသူအား သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းမှု ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက “ရတနာပစ္စည်းများ ခိုးယူသွားသူအား အမြန်ဖမ်းဆီးဆောင် ရွက်သွားရန်” ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ သည် အခင်းဖြစ်ရပ်စစ်ဆေးပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၄)ရပ်ကွက်၊ သုမန(၁)လမ်းနေ စွမ်းထက်ပိုင် ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ၁.၉.၂၀၁၉ ရက်နေ့ ၂၀၀၀ […]

Crime news

မန္တလေးတွင် မီးနီဖြတ်လာသည့် ဆိုင်ကယ်အား ပြောမိရာ နောက်မှလိုက်၍ ဓါး နဲ့ ခုတ်ခံထိ

ဖြစ်စဉ်မှာ စက်တင်ဘာလ (၁) ရက်နေ့ ၊ ၂၃၄၀ အချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ အောင်မင်္ဂလာ (၁) ရပ်ကွက်နေ ဝေယံအောင် (၂၇)နှစ် မောင်းနှင်ပြီး သန်းထိုက်စိုး ပါ ၂ ဦးနောက်ထိုင် လိုက်ပါလာသည့် ဆိုင်ကယ် နှင့် သူငယ်ချင်း ဖြစ်သူ သက်ဇော်ထွန်း မောင်းနှင်သည့် ဆိုင်ကယ်တို့သည်အောင်မြေ သာစံမြို့နယ် ၁၉x သံလမ်း မီးပွိုင့် အား အရှေ့မှ အနောက် သို့ ဖြတ်သန်း မောင်းနှင်စဉ် လူငယ် ၃ ဦး (စိစစ်ဆဲ) မောင်းနှင် သည့် ဆိုင်ကယ်မှာ မီးနီဖြတ်၍ မောင်းနှင်လာသဖြင့်၎င်းတို့၏ ဆိုင်ကယ်အား တိုက်မည်ပြု၍ ၎င်းက “မင်းတို့ မီးပွိုင့် မကြည့်ဘူးလား၊ လမ်း စည်းကမ်း နားမလည် ဘူးလား” […]

Crime news

ထိုင်းနိုင်ငံမှာ ဘတ် ၁၆ သန်းဖိုးရှိ အမေရိကန် ဒေါ်လာ ၁၀ဝ တန်အတုများ ဖမ်းမိ

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ရင်းမ်ကော့မြို့နယ်ရှိ မက်ဆာရက် နစ်တီဆတ်ယိုထင် ဆိုသည့် အမျိုးသမီး၏ နေအိမ်မှ ဘတ် ၁၆သန်းတန်ဖိုးရှိ အမေရိကန် ဒေါ်လာ ၁၀ဝတန် အတုများကို ရဲက မနေ့က သိမ်းဆည်းရခဲ့သည်။ အဆိုပါ ရင်းမ်ကော့ရပ်ကွက်တွင် အမေရိကန်ဒေါ်လာအတုများ ရောင်းချနေကြောင်း သတင်းရ၍ ရဲက ဝင်ရောက်ဖမ်းဆီး ခြင်းဖြစ်ပြီး၊ ဖမ်းဆီးရာတွင် အမှတ် ၃၂ ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဝါချီရာ ဖရနွိုင်က အမေရိကန် ဒေါ်လာအတုဝယ်သူ အသွင်ယူ ပြီး ဆက်သွယ်ခဲ့သည်ဟု ထိုင်း မီဒီယာများက ဖေါ်ပြကြသည်။ ပိုင်ရှင် မက်ဆာရက်စ် က ဒေါ်လာအတုဝယ်ယူမည့်သူကို ဓါတ်ဆီဆိုင်တခုအနီးတွင် ချိန်းဆိုပြီး၊ အိမ်သို့ခေါ်သွားပြီး ဒေါ်လာ အတုများနှင့် ငွေစက္ကူအတုလုပ်ရာတွင် သုံးသည့် ဓါတုပစ္စည်းများ အားပြသခဲ့သည်။ ထို့နောက် ရဲမှူးကြီး […]

Crime news

မော်တော်ယာဉ်ခိုးယူသွားသူအားပစ်ခတ်ဖမ်းဆီးအရေးယူ

၎-၉-၂၀၁၉ ရက်နေ့ နေ့လည် ၁၂ နာရီအချိန် ကျောက်ဆည်မြို့နယ်၊ သင်တောင်းကျေးရွာရှိ ရွှေသိမ်တော်ဘုရား၏ အရှေ့ဘက်မုခ်ပေါက်တွင် ဦးဇော်မိုးဝင်း၊ ပဲခူးမြို့နေသူသည် ရွှေသိမ်တော် ဘုရားဝင်းအတွင်း ဘုရားပုံတော်နှင့် ရွှေသင်္ကန်းများဝင်ရောက်ဝယ်ယူနေစဉ် ယာဉ်အမှတ် 9C/xxxx Pajero အမျိုးအစားယာဉ်အား စက်နှိုးပြီးရပ်ထားခဲ့ပြီး(၁၀)မိနစ်ခန့်အကြာ ကားအား အမည်မသိ အမျိုးသားတစ်ဦးမှ မောင်းနှင်ထွက်ပြေးသွားသဖြင့် ကျောက်ဆည်မြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ရာ ကျောက်ဆည်မြို့မှ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း ရန်ကုန်ဘက်သို့ ဦးတည်မောင်းနှင် ထွက်ပြေးသွားကြောင်းသိရှိရသဖြင့် လမ်းတစ်လျှောက်ရှိ အပိုင်မြို့နယ်ရဲစခန်းများသို့ ဆက်လက် အကြောင်းကြားခဲ့ပါသည်။ ၀မ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့၊ ရွှေတာင်နယ်မြေရဲစခန်းမှ ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များသည် သတင်းအရရဲစခန်းရှေ့မှ စောင့်ဆိုင်းနေစဉ် ၎င်းယာဉ်မှာ ရဲစခန်းရှေ့ဖြတ်သန်းလာ၍ ရပ်တန့်တားဆီးရာ ရပ်ပေးခြင်းမရှိဘဲ ၀မ်းတွင်းမြို့ဘက်သို့ ဆက်လက်မောင်းနှင်သွားသဖြင့် ထွက်ပြေးသွားသောယာဉ်နောက်သို့ ထပ်ချက်မကွာလိုက်လံဖမ်းဆီးခဲ့ရာ မိုင်တိုင်အမှတ် (၃၆၃/၆-၇)ကြားတွင် ကားချင်းဘေးတိုက်ယှဉ်တားသော်လည်း ရပ်ပေးခြင်းမရှိဘဲမောင်းနှင်ထွက်ပြေး၍ သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးရမိပြီး စစ်ဆေးရာ […]

Crime news

ကိုရီးယားနိုင်ငံသူကို ရိုက်နှက်ပြီး ငွေလုယူသူ ဖမ်းဆီးရမိ

၂.၉.၂၀၁၉ ရက်နေ့ ၀၉၃၀ အချိန်တွင် တရားလို ဒေါ်—-သည် မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တွင် ရှိနေစဉ် ဒဂုံမြောက်မြို့နယ်၊ (၄၈)ရပ်ကွက်၊ ဗိုလ်မှူးဗထူးတန်ဖိုးမျှအိမ်ရာ၊ တိုက်(A-1)၊ အခန်း(၅၀၁)တွင် တစ်ဦးတည်းနေထိုင်သော ယောက္ခမဖြစ်သူ Mrs. Kim Min Sook(ကိုရီးယားနိုင်ငံသူ) ကို Air Con လာရောက်ပြုပြင်ပေးသူမှ တွန်းလှဲပြီး ဂေါက်တံဖြင့်ရိုက်ကာ ဖုန်း၊ ငွေနှင့် ရွှေထည်ပစ္စည်းများ စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်း(၃၀၀)ခန့်အား လုယူသွားကြောင်း၊ Mrs. Kim Min Sook တွင် ဒဏ်ရာများ ရရှိ၍ မြောက်ဥက္ကလာပဆေးရုံတွင် ရောက်ရှိနေကြောင်း ဗိုလ်မှူးဗထူးတန်ဖိုးမျှအိမ်ရာသာယာရေး ကော်မတီအဖွဲ့ဝင် ကိုဇော်မင်းနိုင်မှ ဖုန်းဆက် အကြောင်းကြားသဖြင့် Mrs. Kim Min Sook ကို ဒဏ်ရာ များရရှိအောင်ပြုလုပ်၍ ပစ္စည်းများယူဆောင်သွားသူအား […]