Sports

သက်ထားသူဇာရဲ့ကြက်တောင်စွမ်းရည် ကမ္ဘာ့အဆင့်မှာ မြင့်တက်

မြန်မာကြက်တောင်လက်ရွေးစင်သက်ထားသူဇာ ဟာ Myanmar International Series 2019 ပွဲမှာပူးတွဲတတိယဆုရခဲ့ပေမဲ့ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်ကဒီကနေ့ ကမ္ဘာ့အဆင့် ၇၃ မှ ၇၀ သို့ တိုးမြှင့်သတ်မှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ Congratulations  ဒီကနေ့မှာတော့ သူမဟာ မော်ဒိုက်မှာကျင်းမနေတဲ့နိုင်ငံတကာ Future Series ကို ၀င်ရောက်ယှဉ်ပြိုင်နေပြီဖြစ်ပါတယ်။ Source: Online News

Sports

Myanmar International Series ကြက်တောင်ပြိုင်ပွဲ သက်ထား သူဇာ ပူးတွဲ တတိယဆုရရှိ

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှကြီးမှူးကျင်းပသည့် Myanmar International Series ကြက်တောင်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် စက်တင်ဘာ ၁ဝရက်မှ စတင်၍ ကျင်းပရာ စက်တင်ဘာ ၁၅ ရက်တွင် နောက်ဆုံးနေ့ ယှဉ်ပြိုင်မှုများအဖြစ် ရန်ကုန်မြို့ရှိ အမျိုးသား ကြက်တောင် အားကစားရုံ၌ ဆက်လက် ကျင်းပသည်။ စက်တင်ဘာ ၁၅ ရက် နောက်ဆုံးနေ့ ပွဲစဉ်များတွင် အမျိုးသား တစ်ဦးချင်း ပြိုင်ပွဲ၌ အင်ဒိုနီးရှား ကစားသမားနှင့် အိန္ဒိယ ကစားသမား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် အင်ဒိုနီးရှား တစ်နိုင်ငံတည်း ကစားသမား နှစ်ဦး၊ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲတွင် အင်ဒိုနီးရှား ကစားသမားအတွဲ နှင့် ထိုင်းကစားသမား အတွဲ၊ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် တရုတ်တိုင်ပေ ကစားသမား အတွဲနှင့် ထိုင်းကစားသမား အတွဲ၊ […]

Sports

သက်ထားသူဇာ အင်ဒိုနီးရှား ကြက်တောင်မယ်ကို အရေးနိမ့်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ Myanmar International Series ကြက်တောင်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်မှာ မြန်မာအမျိုးသမီးကြက်တောင်ကစားသမား သက်ထားသူဇာဟာ ပြိုင်ဘက်အင်ဒိုနီးရှားကစားသမား မာဟာရာနီဆီကာဘာတာရီကို ရှုံးသွားပါတယ်။ သက်ထားသူဇာဟာ အင်ဒိုနီးရှားကစားသမား မာဟာရာနီဆီကာဘာတာရီကို ပထမပွဲငယ် မှာ(၁၅-၂၁)မှတ်၊ ဒုတိယပွဲငယ်မှာ (၁၇-၂၁)မှတ်နဲ့ အရေးနီမ့် ခဲ့တာဖြစ်ပါတယ်။ Source: ဖြစ်ရပ်မှန်သတင်းများ

Sports

အိန္ဒိယ ကြက်တောင်မယ်ကို အနိုင်ယူပြီး သက်ထားသူဇာ ဆီးမီးဖိုင်နယ် တက်ရောက်

ရန်ကုန် မြို့မှာ ကျင်းပ နေတဲ့ မြန်မာ အင်တာနေရှင်နယ် စီးရီး ၂၀၁၉ ကြက်တောင် ပြိုင်ပွဲ ကွာတား ဖိုင်နယ် ပွဲစဉ်မှာတော့ မြန်မာ ကြက်တောင် အားကစားမယ် သက်ထားသူဇာ ဟာ အိန္ဒိယ ကစားသမား ကို အနိုင် ရရှိခဲ့ပါတယ်။ သက်ထားသူဇာ ဟာ အိန္ဒိယ ကြက်တောင် အားကစားသမား ဆာမီယာ နဲ့ သုံးပွဲ ကစားရာမှာ ပထမ တစ်ပွဲမှာ ၂၁ -၁၃ နိုင်ခဲ့ပါတယ်။ ဒုတိယ ပွဲမှာတော့ ၁၃-၂၁ ရှုံးနိမ့် ခဲ့ပြီး၊ တတိယ ပွဲမှာ ၂၁-၁၆ နဲ့ အနိုင် ရရှိကာ အကြိတ်အနယ် ကစားပြီး ဆီးမီးဖိုင်နယ် အဆင့် ကို တက်ရောက် နိုင်ခဲ့ပြီ […]

Sports

ထိုင်းကိုနိုင်ပြီး ကွာတားတက်သွားတဲ့ သက်ထားသူဇာ

မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ နိုင်ငံတကာကြက်တောင်ရိုက်ပြိုင်ပွဲကို ရန်ကုန်မြို့ ၊ လမ်းမတော်မြို့ နယ်ရှိ အမျိုးသားကြက်တောင်ရိုက်ကွင်းမှာ စက်တင်ဘာလ ၁၂ ရက်နေ့ မှာ စတင်းကျင်းပါခဲ့ပါတယ်။ မြန်မာပရိတ်သတ်တွေကြားမှာ နာမည်ကြီးနေတဲ့ မြန်မာ့ကြက်တောင်ချန်ပီယံလေး သက်ထားသူဇာလည်း ယခုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေပါတယ်။ အမျိုးသမီးတစ်ဦးချင်း ရှုံးထွက်ပွဲမှာ သက်ထားသူဇာက ထိုင်းကစားသမား ဆာယာပွန်းကို သုံးပွဲတွင် ၂ ပွဲအနိုင်ရကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့ပြီးဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကြက်တောင်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်နေကြပါတယ်။ News source: Mizzima

Sports

ကွင်းထဲပြေးဝင်သည့် ပရိတ်သတ်ကြောင့် မြန်မာဘောလုံးအဖွဲ့ ချုပ် ဒဏ်ငွေရိုက်ခံရနိုင်

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျပန်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကြသော ဘောလုံးပွဲစဉ်တွင် မြန်မာပရိတ်သတ်တစ်ဦးက ကွင်းထဲသို့ ပြေးဝင်လာသော ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ပရိတ်သတ်သည် ပွဲချိန် မိနစ် ၄၀ အချိန်တွင် ကွင်းထဲကို ပြေးဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါမှာတော့ အဆိုပါ ပြေးဝင်သူကို မင်္ဂလာတောင်ညွန့် ရဲစခန်းက ရဲအက်ဥပဒေဖြင့် အရေးယူထားပါတယ်။ ယခုကဲ့သို ကွင်းထဲသို့ ပြေးဝင်ခဲ့သော ဖြစ်ရပ်ကြောင့် မြန်မာဘောလုံးအဖွဲ့ ချုပ်အနေဖြင့် အမေရိကန်ဒေါ်လာ နှစ်သောင်း (ကျပ် သိန်း ၃၀၀) ဒဏ်ငွေဆောင်ရနိုင်ဖွယ်ရှိပါသည်။ ဘောလုံးကွင်းထဲသို့ ဝင်ရောက်လာသူမှာ သာကေတမြို့ နယ်တွင်နေထိုင်သူ ဆန်းမင်းဦး အသက် ၂၅ နှစ်ဆိုသူဖြစ်ပါသည်။ ဒဏ်ငွေအပြင် နောက်ပိုင်း အိမ်ကွင်းအဖြစ်လက်ခံကျင်းပမည့် ပွဲစဉ်များတွင် ယခုကဲ့သို့ မဖြစ်ပွားစေရန် ပြင်းပြင်းထန်ထန် သတိပေးမှုများလည်း ခံရဖွယ်ရှိကြောင်းသိရပါတယ်။ Source: ပြည်မြန်မာသတင်း