Weather

ယနေ့ နောက်ဆုံးရ မိုးလေဝသသတင်း

တိုင်း နှင့် ပြည်နယ်တချို့ နေရာကွက် မိုးကြီးနိုင်၊ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရဲ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၆ ရက်နေ့ ည ၇ နာရီအချိန် ထုတ်ပြန်ချက် ဖြစ်ပါသည်။ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။ မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီး တို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ […]

Weather

၂၀၁၉ ခုနှစ်၊စက်တင်ဘာလ(၅) ရက်နေ့ အတွက် မိုးလေ၀သခန့်မှန်းချက်။

ဘင်္ဂလားပင်လယ်အော်တွင်မုန်တိုင်းဖြစ်နိုင်ခြေအလားအလာ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေထုမငြိမ်မသက်ဖြစ်နေပြီး ၊ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခုဖြစ်ရန်အလားအလာများရှိနေပါတယ်။ ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်ပြင် အ ခြေ အ နေ။(၄ -၉-၂၀၁၉)ရက် နံနက် (၀၉း၀၀) နာရီအချိန်KALPANA_1 ဂြိုဟ်တုမှ တိုင်းတာပေးချက်အရ၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း မှာ တိမ်အသင့်အတင့် ဖြစ် ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ် အော် တို့ မှာ တိမ်အ သင့်အတင့် မှ တိမ်ထူထပ် နေပါတယ်။မြန်မာနိုင်ငံ မြောက်ပိုင်း ဒေ သ တွေမှာ တိမ် အသင့်အတင့် မှ တိမ်ထူထပ် နေပြီး၊ကျန်ဒေသ တွေမှာ တိမ်အသင့်အတင့် ဖြစ် […]