22nd October 2020

Fan meeting လုပ်​ကာပရိတ်​သတ်​​တွေနဲ့ တစ်​​ပျော်​တစ်​ပါး​တွေ့ဆုံမယ့်​ စူးရှထက်

ယောကျာ်း​လေးပရိတ်​သတ်​​တွေရဲ့ အား​ပေးမှုကို အပြည့်​အဝရရှိထားတဲ့ ​မော်​ဒယ်​စူးရှထက်​​ဟာ သူမရဲ့ ရီးစား​ဟောင်းဖြစ်​သူ အဆို​တော်​ အစ္စဏီနဲ့ အမှုရင်​ဆိုင်​ရင်း ပရိတ်​သတ်​ကြားနာမည်​ကြီးလာသူဖြစ်​ရာ လက်​ရှိမှာ​တော့ sexy ​မော်​ဒယ်​အဖြစ်​နဲ့ ပရိတ်​သတ်​​တွေရု့ အား​ပေးခြင်းခံ​နေရသူဖြစ်​ပါတယ်​။

သူမနဲ့ သူမရဲ့ရည်းစားဟောင်းဖြစ်သူ အဆိုတော် အစ္စဏီနဲ့ဖြစ်ပွားခဲ့တဲ့ အမှုကိစ္စဟာလည်း ရည်းစားဟောင်း အဆိုတော်အစ္စဏီဘက်က တရားဝင်တောင်းပန်မှုတွေပြုလုပ်ခဲ့တာကြောင့် မော်ဒယ် စူးရှထက်ဘက်ကနေအမှုကို ပြန်လည်ကျေအေးပေးခဲ့ပါသေးတယ်။

လတ်တလောမှာလည်း စူးရှထက်က သူ့ကို အားပေးတဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံဖို့ ပွဲလေးတစ်ပွဲစီစဉ်ထားတာပဲဖြစ်ပါတယ်။”စူးရှချစ်တဲ့ ပရိတ်သတ်တွေနဲ့ သူငယ်ချင်း အားလုံးစုံရအောင်လို့Fan Meeting လေးလုပ်ထားတယ်နော်။ စူးရှရဲ့ Fan တွေကို တစ်စုတစ်စည်းထဲ ပျော်ရအောင် စီစဉ်ထားတဲ့ ပွဲလေးပါ။ စူးရှနဲ့ ဓာတ်ပုံတွေ အတူတူရိုက်မယ်၊အင်္ကျီမဲဖောက်ပေးမယ်၊ ပျော်စရာတွေဖန်တီးမယ်။ အားလုံးတွက်စားစရာတွေလဲစီစဉ်ထားတယ်နော်။ စူးရှကတော့ ပွဲအတွက် အရမ်းကို ရင်ခုန်နေပါတယ်။”လို့ စူးရှထက်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားပြီး လာရောက်ဖို့ကိုလည်း ဖိတ်ခေါ်ထားပါသေးတယ်။

Source Zar Chi

Leave a Reply

Your email address will not be published. Required fields are marked *