
“သူစိမ်းအိမ်” ဇာတ်ကားမှတစ်ဆင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို စတင်ရရှိလာခဲ့တဲ့ ကူးကူးဇင်အောင်ဟာ မကြာမီမှာ ရိုက်ကူးသွားမယ့် “နင်မရှိတဲ့ကမ္ဘာ “ဇာတ်ကားမှာ ဝိဥာဉ် မလေးအဖြစ်ပါဝင်သရုပ်ဆောင်တော့မှာဖြစ်ပါတယ်။

ယင်း ဇာတ်ကားလေးမှာ မင်းသားချော ညိမ်းသော်နဲ့ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာဖြစ်ပါတယ်။ကိုယ်တိုင်ကလည်း သရဲကားကြိုက်သူပီပီ ဝိဥာဉ် မလေးနေရာကနေ သရုပ်ဆောင်ဖို့ ကူးကူးတစ်ယောက်ရင်တွေအရမ်းခုန်နေပါတယ်..” ကူးကူးတို့ကို traningတွေခေါ်ထားတယ် ဇာတ်ညွှန်းတွေဖတ် ကိုငြိမ်းသော်နဲ့ အစမ်းလုပ်ကြည့်တယ် ဒီကားလေးက ချစ်ဖို့လည်းကောင်းထူးလည်းထူးခြားတယ် ကူးက ဒီကားကို ကြိုက်လို့ကို လက်ခံတာ “ဟုပြောသွားပါတယ်။

ကူကူးဇင်အောင်ရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကို ပရိတ်သတ်တွေက သူစိမ်းအိမ် မှာတင် သိပြီးလောက်ပါပြီ ..အခုတစ်ခေါက်လည်း ဝိဥာဉ် မလေးကူးကူးအဖြစ်ပရိတ်သတ်တွေမြင်တွေ့ရတော့မှာဘဲဖြစ်ပါတယ်။

Photo Credit ; Ku Ku Zin Aung