မင်္ဂလာဝတ်စုံလေးတွေနဲ့ လိုက်ဖက်ညီတင့်တယ်ပြီး နှစ်ယောက်လုံးချစ်စရာကောင်းနေကြတဲ့ ကောင်းပြည့်နဲ့သန္တာဗိုလ် – Myanmar Hot News
1st June 2023

မင်္ဂလာဝတ်စုံလေးတွေနဲ့ လိုက်ဖက်ညီတင့်တယ်ပြီး နှစ်ယောက်လုံးချစ်စရာကောင်းနေကြတဲ့ ကောင်းပြည့်နဲ့သန္တာဗိုလ်

ပရိသတ်ကြီးရေ မင်းသမီးချောသန္တာဗိုလ်နဲ့ မင်းသားချော ကောင်းပြည့်တို့နှစ်ယောက်ဟာဆိုရင် တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြလို့ ရွှေလက်တွဲပြီး ချစ်သူဘဝကိုဖြတ်သန်းနေကြတာ နှစ်တွေအများကြီးကြာမြင့်နေပါပြီနော်။သန္တာဗိုလ်တို့ ချစ်သူနှစ်ယောက်လုံးက အနုပညာရှင်တွေဖြစ်ကြတာကြောင့် အနုပညာအလုပ်နဲ့ပက်သက်ပြီးလည်းအပြည့်အဝနားလည်ပေးကြသလို တစ်ဖက်တစ်လမ်းကလည်း ကူညီပေးကြပါတယ်နော်။

ကောင်းပြည့်ကလည်း ချစ်သူသန္တာဗိုလ်ကို အရမ်းချစ်ပြီးမျက်နှာလေးတစ်ချက်မညှိုးအောင်ထားပေးတဲ့ ချစ်သူတစ်ယောက်ဖြစ်တဲ့အပြင် သန္တာဗိုလ်ကလည်း ကောင်းပြည့်ကို ချစ်စရာအမူအရာလေးတွေနဲ့နွဲ့ဆိုးဆိုးတတ်လို့ ကောင်းပြည့်နဲ့သန္တာဗိုလ်တို့က ရှေ့သွားနောက်လိုက်ညီပါတယ်နော်။အနုပညာအလုပ်တွေဆိုလည်း နှစ်ယောက်အတူတူတွဲလုပ်ပြီး တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီရင်းနဲ့ ခိုင်မြဲနေကြတဲ့ချစ်သူဘဝလေးပဲဖြစ်ပါတယ်။

အခုဆိုရင်တော့ ကောင်းပြည့်နဲ့သန္တာဗိုလ်တို့က မင်္ဂလာဝတ်စုံလေးတွေနဲ့ကြော်ငြာရိုက်ကွင်းတစ်ခုမှာ အတူတူတွဲပြီးလုပ်ကိုင်နေကြတာဖြစ်ပါတယ်။သန္တာဗိုလ်တို့ စုံတွဲလေးကတော့ နေနဲ့လရွှေနဲ့မြလို လိုက်ဖက်ညီတင့်တယ်နေပြီး နှစ်ယောက်လုံးကလည်းချောမောလှပကြလို့ သန္တာဗိုလ်တို့စုံတွဲလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source:Thandar Bo’s Facebook/Photo Credit:Amazing Grace

Credit;Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *