
မိတ်ကပ်ဖန်တီးပညာရှင်များထဲတွင် ထိပ်ဆုံးကနေရပ်တည်နေသူလေးကတော့ မိတ်ကပ်ပညာရှင် မေဦးပဲဖြစ်ပါတယ်။ သူမလိမ်းခြယ်ပုံလေးတွေဟာလည်း မိန်းကလေးတွေအကြိုက်နဲ့ထပ်တူကြတာကြောင့် အားပေးမှုအခိုင်အမာရရှိထားပြီး အောင်မြင်ကျော်ကြားနေတာပဲ ဖြစ်ပါတယ်။

သူမဟာ မကြာသေးခင်ကလည်း ချစ်ရသောသူဟန်လင်းနဲ့ ချစ်သက်တမ်း ၃နှစ်နဲ့၂လပြည့်လေးကို အတူဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့အတွဲလေးဟာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ပဲ လက်တွဲလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ရိုမက်တစ်ဆန်လွန်းတာကြောင့်လည်း ပရိသတ်တွေကအားကျနေရတာပါ။


အခုမှာလည်း သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ဝေမျှထားတာပါ။ မေဦးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း “Rosewood မှာ wedding အတွက်လာကြည့်နေတာ

#rosewoodromatic ” ဆိုပြီး ရေးသားထားတာပါ။ ချစ်ရသူလေးနဲ့ပုခုံးလေးကိုမှီကာ ကြည်နူးနေတဲ့ မေဦးရဲ့ပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- May Oo’s Facebook
Credit; Myanmarload