Cele News

ဒေါင်းနှင့်အတူ တွဲ ဖက်သရုတ်ဆောင်မည့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကန်တော့ပွဲအခန်းအနားသို့တက်ရောက်ခဲ့သော ဖွေးဖွေး

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်ဖွေးဖွေးဟာဆိုရင် လက်ရှိမှာ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် အောင်မြင်မှုတွေကို ရင်ဝယ်ပိုက်ပြီးရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။ဖွေးဖွေးက ကျရာဇာတ်ရုပ်ကိုလည်းပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်ပြီး အားသွန်ခွန်စိုက်ကြိုးစားတာကြောင့် ပရိသတ်တွေကလည်းသူမရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကို အရမ်းချီးကျူးကြပါတယ်။

လက်တလောမှာ ဖွေးဖွေးပါဝင်သရုပ်ဆောင်ထားတဲ့”ပပဝတီစီရင်ခန်း”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်မှာရုံတင်တော့မှာဖြစ်ပြီး ပရိသတ်တွေကလည်း ဖွေးဖွေး ဘယ်လိုသရုပ်ဆောင်ထားမလဲဆိုတာကို ရင်ခုန်ရင်းနဲ့အားပေးဖို့အဆင်သင့်ဖြစ်နေကြပါပြီနော်။ဖွေးစိန်လေးကတော့ ပရိသတ်တွေရဲ့အချစ်များစွာကို ပိုင်ဆိုင်ထားပြီး စိတ်သဘောထားဖြူစင်ပြီး သဘောကောင်းတဲ့မင်းသမီးချောလေးလည်းဖြစ်ပါတယ်။

အခုဆိုရင်တော့ ဖွေးစိန်လေးက “Love Equation”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲအခမ်းအနားကို ဒေါင်း၊သက်မွန်မြင့်၊ထိပ်ထားသခင် တို့နဲ့အတူ ပွဲကိုတက်ရောက်ခဲ့ပါတယ်။Love Equation ဇာတ်ကားမှာဆိုရင် ဖွေးဖွေးက ဒေါင်းနဲ့ပထမဦးဆုံးတွဲရိုက်ရမယ့် ဇာတ်ကားဖြစ်ပြီး ထိပ်ထားသခင်လေးနဲ့လည်း ပထမဆုံးတွဲရိုက်ရမှာဖြစ်လို့ ဖွေးစိန်လေးရဲ့ ကန်တော့ပွဲအခမ်းအနားတက်ရောက်လာတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနာ်။

Photo Credit:Phwe Phwe

Credit; Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *