
အပြုံးချို ချို လေးတွေနဲ့ ပရိတ်သတ်ကိုဖမ်းစားနိုင်ခဲ့တဲ့ချစ်စနိုးဦးဟာ လက်ရှိ အချိန်ထိကို လှမြဲ လှဆဲပါဘဲ..တစ်ချိန်က မြန်မာဗီဒီယို ဇာတ်ကားများမှာဆိုရင် သူမရဲ့ သရုပ်ဆောင်ဟန်ပန်လေးတွေကိုတွေ့ရဖြစ်ပါတယ်။ လက်ရှိမှာတော့ ပွဲတက်တွေ ကြော်ငြာတွေမှာ ခပ်ငယ်ငယ် ကောင်မလေးတစ်လို လှနေသေးတာကိုပရိတ်သတ်တွေ တွေ့ရမှာပါ။

ချစ်စနိုးဦးဟာ လတ်တလောမှာတော့ သူမရဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်မှုများစွာ လုပ်နေရပြီး မအားမလပ်ရှိနေပါတယ်.. လွန်ခဲ့တဲ့ နှစ်ကမှ ချစ်သူဖြစ်သူကို ပရိတ်သတ်တွေရှေ့ချပြခဲ့ပြီးကောင်းမွန်တဲ့ ဆက်ဆံရေးလေးတစ်ခုကိုအချိန်ကာလ ကြာရှည်စွာ တည်ဆောက်ပြီးသည့်နောက်မှာတော့ သူတို့ ချစ်သူ နှစ်ဦးရဲ့ မျော်လင့် ထားရတဲ့ နေ့လေးအတွက် နှစ်ဦးစလူံး ပြင်ဆင်မှုများနဲ့ အလုပ်ရှုပ်နေကြပါတယ်။

ချစ်းနိုးဦးကတော့ မင်္ဂလာပွဲအတွက် သူမရဲ့ပြင်ဆင်မှုလေးတွေကိုပြောပြလာပါတယ်.” မင်္ဂလာဆောင်မှာ လှချင်လို့ ဝိတ်ချနေတယ် သူေ၇ာကိုယ်ရောချနေတယ် မင်္ဂလာပွဲကိုသူများတွေလိုဘဲ လက်မှတ်ထိုး၊ ဆွမ်းကျွေး ၊ ဘိတ်သိပ်၊ dinnerရယ်ပေါ့ အခုစီစဉ်ထားတာ ဘိတ်သိပ်မှာ လူကြီးတွေပိုများမယ် dinnerမှာ လူငယ်တွေပိုများမယ် အဓိက လူတွေအသိတွေကျန်ခဲ့မှာအားနာတယ် သေချာလေးလုပ်နေတယ် လူဦးရေကတော့ အကြမ်းဖျင်း ၁ထောင်ကျော် ၂ထောင်လောက်ပါဘဲ” ဟု ပြောပြသွားပါတယ်။

ချစ်စနိုးဦး တို့ မင်္ဂလာပွဲလေးက ဘယ်လို ခမ်းနားထည်ဝါမှုတွေနဲ့ ပြည့်နှက်နေမလဲဆိုတာ ရင်ခုန်ရာဘဲနော်။

Source MC