
ပရိတ့သတ်တွေရဲ့ အားပေးမှုကို များစွာ ရရှိခဲ့ပြီး ညိုညိုစိမ့်စိမ့်လေးနဲ့ ကြည့်မဝအောင် လှတဲ့ မင်းသမီးချောလေးပါ။ဗီဒီယို ဇာတ်ကားတွေ အောင်မြင်ခဲ့တဲ့ တစ်ချိန်က ပရိတ့သတ်ကြားတစ်ခဲနက်အားပေးခံခဲ့ရတဲ့ မင်းသမီးချောလေး မေကဗျာကို ပရိတ်သတ်တွေ မှတ်မိကြမှာပါ။

အနုပညာ လှုပ်ရှားမှုများစွာ ပြန်လည်ပြုလုပ်နေပြီးလက်ရှိမှာလည်း နှင်းဆီ လှေအငြိမ့်မှာ ပါဝင်တင်ဆက်မှာဖြစ်ပြီး ပရိတ်သတ်တွေ သူမရဲ့ ဟန်ပန်လေးကို တစ်ခေါက်ပြန်ကြည့်ရှု့ရဦးမှာပါ။

ဒီကနေ့မှာတော့ မေကဗျာက ပရိတ်သတ့်တွေသိချင်ကြတဲ့ အကြောင်းလေးကို ပြောပြလာပါတယ်။ သမီးဖြစ်သူနဲ့ ဓာတ်ပုံတွေ တွဲမတင်တာနဲ့ ပတ်သတ်ပြီး ပရိတ်သတ်တွေ သိချင်နေတဲ့ အကြောင်းကိုမေကဗျာကပြောပြလာပါတယ်” သမီးလေးက အရမ်းရှက်တတ်တယ် အရင်တုန်းက တင်ရင်သူ့ပုံပါသွားရင်ဖျက်ခိုင်းတယ် သူက ကျောင်းးသွားတော့ကျောင်းရောက်ရင် သူငယ်ချင်းတွေ ပြောတာကိုရှက်တယ် အဲ့တာပုံတင်ရင် mediaတွေကူးယူခွင့်မပြုလိုပြောထားရတယ် အရင်က အဲ့လိုတွေ သတင်းpageတွေကတင်တော့ ပြသနာရှာ ဖုန်းဆက်ပြီးပုံဖျက်ခိုင်းရတယ် သူကမပြင်မဆင်နဲ့ အသားက ညိုညို တီရှပ်နဲ့ ဆံပင်ကပွပွနဲ့နေတတ်တာဆိုတော့ သူပုံပါရင်မကြိုက်လို့ မတင်ရတာပါ” .ရှင်းပြလာပါတယ်။

မေကဗျာရဲ့ သမီးလေးကတော့ အသက် ၁၅နှစ်ရှိပြီ ဖြစ်ပြီး မေမေဖြစ်သူလို့တော့ မင်းသမီးလုပ်ဖို့ စိတ်မဝင်စားသလို ပညာရေးကိုဘဲ အာရုံစိုက်တတ်သူလေးဘဲဖြစ်ပါတယ်။

Source MC