
ပရိတ်သတ်တွေကြားထဲ အထူးသဖြင့် မိန်းကလေးပရိတ့သတ်တွေကြားရေပန်းစားတဲ့မင်းသားချောဒေါင်းကတော့ အနုပညာ လှုပ်ရှားမှုတွေကိုမရပ်မနားပြုလုပ်နေလျက်ရှိပါတယ်။

ပရိတ်သတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခံ၇တဲ့ ဒေါင်းဟာ မြန်မာနိုင်ငံရဲ့ နာမည်ကြီး မင်းသမီးချောလေးဖြစ်တဲ့ ဖွေးစိန်လေးနဲ့ ပထမဆုံး ရုပ်ရှင် အတူတူ တွဲ၇ိုက်ကြတော့မှာဖြစ်ပါတယ်။အကယ်ဒမီ မင်းသမီးချောလေး ဖွေဖွေးဟာလည်း ကျရာဇာတ်ရုပ်မှာအံဝင်ခွင်ကျဖြစ်အောင်အကောင်းဆုံးသရုပ်ဆောင်နိုင်ပြီး ပရိတ်သတ်သိပ့်ချစ်ရတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် မင်းသမီး တစ်ဦးဖြစ်ပါတယ်။ ယခုလို ပရိတ်သတ်အားပေးမှု ကိုအပြည့်အဝရှိထားတဲ့ ထိပ်တန်း မင်းသားမင်းသမီးနှစ်ယောက်ကို love equation ဇာတ်ကားမှာ ပရိတ်သတ်တွေကြည့်ရတော့မှာဖြစ်ပါတယ်။

Love Equation ဇာတ်ကားလေးကိုGolden Hour Film Production မှ ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ အောင်မြတ်ရိုက်ကူးမှာဖြစ်ပါတယ်။ယင်းဇာတ်ကားလေးမှာ သက်မွန်မြင့် ၊ဖွေးဖွေး၊ဆဒါင်း၊ခါရာ၊ထိပ်ထားသခင်တို့ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

Source Phway Phway