
တစ်ချိန်က ပရိတ်သတ်တွေတမ်းတမ်းဆွဲဖြစ်ခဲ့ရတဲ့ အပြုံးလှပိုင်ရှင်လေး စမိုင်းလ်ကို ပရိတ့သတ်တွေသိကြမှာပါ။လောကဓံကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ပြီးတဲ့ နောက် သားသမီးတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်သည်ဘဝကို ဖြတ်သန်းနေပါပြီ။

သဒ္ဒါ တရားပြည့်စုံလွန်းတဲ့ စမိုင်းတို့်မိသားစုလေးကတော့ အမြဲလိုလို အလှုအတန်းတွေလုပ်ကာ ကုသိုလ် ယူတတ်ကြသူတွေပါ။ခင်ပွန်းသည်နဲ့သာယာလှပတဲ့ အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားပြီး ပရိတ်သတ်တွေတောင်အားကျရလောက်အောင်ပါဘဲ။

ယခုအခါမှာလည်းစမိုင်းလ်ကတော့ ခင်ပွန်းရဲ့ မွေးနေ့လလေးဖြစ်တဲ့ အောက်တိုဘာလ စစချင်း ပထမဆုံးရက်လေးမှာတင် အာရုံဆွမ်းကပ်လှုတဲ့ အလှုလေးကို လှူဒါန်းခဲ့ပြန်ပါတယ်။ဒီလို အလှုလေးလှုဒါန်းဖြစ်တဲ့ အကြောင်းကို “မောင့်ရဲ့မွေးနေ့လပထမဆုံးနေ့ အောင်ဇမ္ဗူဆရာတော်ဘုရားအာရုံဆွမ်းကပ်”ဆိုပြီး စမိုင်းလ်က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။

စမိုင်းလ်တို့ မိသားစုဟာဆိုရင် အမြဲတမ်းလိုလို အလှူအတန်းတွေကို ပြုလုပ်လေ့ရှိတာကြောင့် တကယ်ကို လေးစားကြည်နူးဖွယ်ကောင်းတဲ့ မိသားစုလေးဘဲဖြစ်ပါတယ်။

Source : စမိုင်းလ် Smile