”အမျှ ….. အမျှ” ရုပ်ရှင်ဇာတ်ကား အကြိုမိတ်ဆက်ပွဲအတွက် တက်ရောက်လာသော မိုးအောင်ရင် – Myanmar Hot News
30th May 2023

”အမျှ ….. အမျှ” ရုပ်ရှင်ဇာတ်ကား အကြိုမိတ်ဆက်ပွဲအတွက် တက်ရောက်လာသော မိုးအောင်ရင်

ပရိသတ်ကြီးရေ မင်းသားချောတစ်ယောက်ဖြစ်တဲ့မိုးအောင်ရင်ဟာဆိုရင် တေးသံရှင်အောင်ရင်ရဲ့သားတစ်ယောက်ဖြစ်ပြီး ဖေဖေ့ရဲ့အနုပညာအမွေကိုဆက်ခံထားတာကြောင့် အနုပညာအလုပ်တွေကိုဟိုးအရင်တုန်းက တစိုက်မက်မက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဖြူစင်တဲ့မျက်နှာလေးနဲ့တည်ကြည်ခန့်ညားတဲ့ရုပ်ရည်လေးကြောင့် ပရိသတ်တွေကလည်းအချစ်ပိုခဲ့ရပြီး သူ့ရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို တစ်ခဲနက်အားပေးကြတာဖြစ်ပါတယ်။

မိုးအောင်ရင်ကတော့ ကြားကာလမှာ ကံကြမ္မာဆိုးကြီးဝင်ရောက်လာခဲ့တာကြောင့် ဘဝအလှည့်အပြောင်းနဲ့ကြုံခဲ့ရပါတယ်နော်။ပရိသတ်တွေကလည်း မိုးအောင်ရင်အတွက်စိတ်မကောင်းခြင်းများစွာဖြစ်ရပြီး ဆုမွန်ကောင်းတွေတောင်းပေးကြလို့ မိုးအောင်ရင်လည်း ပြန်လည်လွတ်မြောက်လာကာ အနုပညာအလုပ်တွေကို ပုံမှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။လက်တလောမှာတော့ မိုးအောင်ရင်က ချစ်သူငယ်ချင်းမြင့်မြတ်နဲ့လည်း အနုပညာအလုပ်တွေကို အတူတူတွဲပြီးလုပ်ကိုင်နေတာဖြစ်ပါတယ်။

အခုဆိုရင် မိုးအောင်ရင်က “အမျှ..အမျှ”ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အကြိုမိတ်ဆက်ပွဲကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။ပွဲလေးမှာဆိုရင် မိုးအောင်ရင်က အကုန်လုံးကိုအပြုံးချိုချိုလေးတွေနဲ့ ပြုံးပြပြီး “သရဲခြောက်ခံခဲ့ရတဲ့ အမှတ်တရတွေ၊မူးယစ်ဆေးကြောင့် ဒီလိုကံကြမ္မာဖြစ်လာတဲ့အတွက် မူးယစ်ဆေးကို အရမ်းမုန်းပစ်လိုက်တယ်”ဆိုတဲ့အကြောင်းတွေကို အင်တာဗျူးမှာ ဖြေသွားခဲ့ပါတယ်။

Photo Credit:Moe Aung Yin’s Facebook

Credit; Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *