
လတ်တလော ရုပ်ရှင်ချစ်ပရိတ်သတ်တွေ ကြားရေပန်းစားနေတဲ့ စပွန်ဆာ ရုပ်ရှင်ဇာတ်ကားကြီးဟာ ၅၂၈မေတ္တာကိုဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းလေးဘဲ ဖြစ်ပါတယ်။

မင်းသားကြီးနေတိုးအဓိကပါဝင်သရုပ်ဆောင်ထားပြီးနေတိုးရဲ့ ပရိတ်သတ်တွေအတွက် မြင်နေကျပုံစံကာရိုက်တာမျိုးမဟုတ်ဘဲ ယောကျာင်္းပိုင်းလုံးအဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။နေတိုးအတွက်အများကြီး စိန်ခေါ်မှုရှိတဲ့ ဇာတ်ကားကောင်းလေးဖြစ်တာကြောင့်လည်းပရိတ်သတ်တွေက စိတ်ဝင်စားနေကြတာဘဲဖြစ်ပါတယ်။

“စပွန်ဆာ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးထားတာဖြစ်ပြီး အကယ်ဒမီနေတိုး၊ ရဲလေး၊ ကျော်ကျော်၊ အကယ်ဒမီပိုင်ဖြိုးသု၊ အကယ်ဒမီ ဇင်ဝိုင်း၊ အကယ်ဒမီ မြတ်ကေသီအောင်နဲ့ အခြားသော သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။
ပရိတ်သတ်များကလည်း နေတိုးနဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ မြတ်ကေသီအောင်ရဲ့ ဇာတ်ဝင်ခန်းတွေကို စိတ်ဝင်တစားနဲ့ ရှိနေပြီး မြတ်ကေသီအောင်က သူမနဲ့ နေတိုးတို့ရဲ့ ဇာတ်ဝင်ခန်းအကြောင်းတွေကိုပြောပြလာပါတယ်…
” အမဇာတ်ညွှန်ဖတ်တုန်းက မသိဘူး ပြီးမှ on sceneရောက်မှသိတာ နေတိုးကလည်း အရင်မိန်းကလေးတွေနဲ့ ဘယ်လိုရိုက်ထားလဲမေးပြီး အမလှည့်ကျ မတူတာလေး လုပ်မယ်ပေါ့ ဒါရိုက်တာကိုပြောတော့ ဒါရိုက်တာလည်း အဆင်ပြေတယ် သူကပြောရမျာအားနာနေတာတဲ့ အဓိကကတော့ ကို့မောင်လေးကို အားနာတာပါ အမလည်း actorဆိုတော့ ဇာတ်ကိုမညှာဘဲ သရုပ်ဆောင်ထားတာပါ”ဟုပြောသွားပါတယ်။

“စပွန်ဆာ” ရုပ်ရှင်ဇာတ်ကားကို လာမယ့် အောက်တိုဘာလ (၃) ရက်နေ့မှာ ရုံတင်ပြသမှာမို့ပရိတ်သတ်တွေ အားပေးဖို့မမေ့နဲ့ဦးနော်။

Source MC