
ကိုယ်ပိုင်သံစဉ်တွေနဲ့သီချင်းကောင်းတွေကို ဖန်တီးသီဆိုနိုင်တဲ့ အဆိုတော်လေးပိုပိုကတော့ ပရိတ်သတ်တွေအားပေးရတဲ့ သူလေးပါ။ ထူးခြားပြောက်မြောက်တဲ့ သံစဉ်တွေနဲ့ ခံစားချက်ကို သီကုံးလေးရှိသူမို့ ပရိတ်သတ်တွေက တစ်ခဲနက်အားပေးနေရတာပါ။

အနုပညာ အလုပ်တွေနဲ့ အလုပ်ရှုပ်နေပေမယ့်လည်း ပိုပို သူချစ်ခငိရတဲ့ သူတွေကိုလည်း ဂရာစိုက်မပျက်ခဲ့ပါဘူးဒီနေ့မှာတော့ပိုပိုက အိမ်က ချစ်ခင်ရတဲ့ မိသားစုတွေကို ကိုယ်တိုင်ပြန်လည် ချက်ပြုတ်ကျွေးမွေးခဲ့တာပဲဖြစ်ပါတယ်။

အခုလို ချက်ပြုတ်ဖြစ်တဲ့အကြောင်းကို “ပိုပို ကိုယ်တိုင်အချစ်တွေနဲ့ ချက်ပြုတ်ကြော်လှော်သုတ် ထားတဲ့ စကော ထမင်း တောင်ကြီးက စကောထမင်း စားခဲ့ ပီးနောက် ပင်ပန်းပေမဲ့ ကိုယ်ချစ်ရတဲ့သူတွေကို ချက်ကျွေးတာ ပျော်တယ်။ခါးတော့ တော်တော်ညောင်းသွားတယ်။”လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။

ပိုပိုရဲ့ လက်ရာ စကောထမင်းကစားချင်စရာဘဲနော်။မကြာခဏ ထမင်းဟင်းတွေ ချက်ပြုတ်တတ်ပြီး ပရိတတ်သတ်သရေကျအောင်လုပ်တတ်တဲ့ပိုပိုပါဘဲ။ပရိတ်သတ်တွေပိုပိုရဲ့ လက်ရာကိုမြည်းချင်လား..

Source poposinger