
ဖေ့စဘုတ်မှာ ချစ်စရာကောင်းတဲ့ ဗီဒီယို လေးတွေတင်ရင်းကနေ စကားအင်မတန်တတ် ချစ်ဖို့ ကောင်းလွန်းတဲ့ ကလေးလေးကို ပရိတ်သတ်တွေသတိထားမိလာကြကာ လက်ရှိမှာတော့ ပြည့်သူ့အချစ်တော် မင်းသမီးလေး ဖြစ်နေပါပြီ..ထိပ်ထားက ကြော်ငြာတွေ သရုပ်ဆောင်အလုပ်တွေကို လုပ်ကိုင်နေပြီဘဲဖြစ်ပါတယ်။ ထိပ်ထားလေးဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချော ဖွေးဖွေးလေး နဲ့ ရုပ်ချင်းဆင်သူ ဖြစ်ပြီး မဖွေးဖွေးကိုသူချစ်တဲ့ အကြောင်းလေးတွေပြောတတ်ပါသေးတယ်။

လက်ရှိမှာတော့ ထိပ်ထားလေးဟာ သူသိပ့် ချစ်ရတဲ့မင်းသမီးဖွေးဖွေးလေးနဲ့ အတူlove equation ဇာတ်ကားမှာ သရုပ်ဆောင်နိုင်တော့မျာဖြစ်ပါတယ်။ထိပ်ထားလေးမှာ ဖွေး ငယ်ဘဝကို သရုပ်ဆောင်ရမှာဖြစ်ပါတယ်။

မနေ့က ရွှေတိဂုံ ဘုရားမှာ love equation ဇာတ်ကားအတွက် ကန်တော့ပွဲပြုလုပ်ခဲ့ပြီး ချစ်ဖို့ကောင်းတဲ့ ထိပ်ထားလေးက သူမရဲ့ ဆုတောင်းလေးတွေကို ပြောပြလာပါတယ် ထိပ်ထား လေးကအဖွားကြီးဖြစ်တဲ့အထိအောင်မြင်ပါစေလို့ဆုတောင်းခဲ့တယ်တဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ထိပ်ထားလေးက သူ သိပ်ချစ်ရတဲ့ မမဖွေးဖွေးနဲ့ သရုပ်ဆောင်ရမှာမို့အတော်လေး တက်ကြွနေပါတယ်။စကားတတ်ပြီး ချစ်စရာကောင်းးတဲ့ထိပ်ထားလေးရဲ့ သရုပ်ဆောင်တာတွေကိုကြည့်ချင်လို့မစောင့်နိုင်တော့ဘူးနော်။


Source cele gabar