
ပရိတ်သတ်တွေရဲ့ အားပေးမှု ကိုအပြည့်အဝရှိထားတဲ့ နေခြည်ဦး ဟာ beauty bloggerအဖြစ်နဲ့ နာမည်ကြီးရုံသာမက လက်ရှိမှာ မင်းသမီး တစ်လက်ဖြစ်နဲ့ပါရပ်တည်နေပြီဖြစ်ပါတယ်။

ကြာသေးခင်ကမှ Paris fashion week 2019 အတွက် ပဲရစ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး သူမရဲ့ ပဲရစ်ဖက်ရှင်တွေဟာလည်း အရမ်းကိုမှ မိုက်တယ်နော်။ လက်ရှိမှာတော့နေခြည်က ရန်ကုန်ပန်ရောက်နေတာဖြစ်ပြီး အရင်လိုဘဲ အနုပညာ အလုပ်တွေနဲ့ပွဲတက်တွေကို လုပ်ကိုင်နေပါပြီ။
နေခြည်က ပဲရစ်မှာရှိနေတုန်းက ပရိတ်သတ်တွေကြားပွဲဆူသွားစေခဲ့တဲ့ သူမရဲ့ ပုံလေးတွေနဲ့ ပတ်သတ်ပြီးပြောလာပါတယ်။

“အဲ့ပုံလေးတင်ဖြစ်တာလည်း မတင်ခင်သေချာကြည့်တယ် ဘယ်နေရာများ မတော်တရော်ဖြစ်နေလဲ အဆင်မပြေဖြစ်နေလဲဆို သေချာကြည့်ပြီးမှ
တင်လိုက်တာပါလူတွေကနေခြည့်ကိုရှက်လို့မဝတ်တာလို့ထင်နေတာ တကယ်က ဝလို့မဝတ်တာ
ဒီထက်ဘော်ဒီလှရင် ဒီထက်မိုက်တာတွေ ဝတ်သွားမှာ အဲ့တာကြောင့် နေခြည် အရမ်း လေ့ကျင့်ခန်ယတွေ လုပ်နေတယ် နေခြည့်အတွက် အဲ့လို ဝတ်ဖို့က motivationဘဲ”
ယင်းပုံလေးမှာတော့ နေခြည်ရဲ့ ဆွဲဆောင်မှုရှိတဲ့ အလှကို အထင်သားဖော်ပြထားတာကြောင့် ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့တာဘဲဖြစ်ပါတယ်။

Source sunday journal