
မော်ဒယ်၊ သရုပ်ဆောင် မင်းသားချော တိုင်ရွန်ကတော့ ရုပ်ရည်ချောမော ပြေပြစ်ပြီး တောင့်တောင့်ဖြောင့်ဖြောင့် Body အချိုးအစားကို ပိုင်ဆိုင်ထားတာကြောင့် ပျိုပျိုမေလေးတွေက အသည်းစွဲနေရတာ ဖြစ်ပါတယ်။ ယောက်ျားပီသပြီး အမိုက်စား တက်တူးတွေကို ခန္ဓာကိုယ်ထက်မှာ ဆေးခြယ်ထားတဲ့ တိုင်ရွန်က မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ တိုင်ရွန်က ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။

တိုင်ရွန်ကတော့ ဆယ်ကျော်သက်အရွယ် ပျိုမဒီလေးတွေကြားမှာ သည်းသည်းလှုပ်ရေပန်းစားနေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ခန့်ညားချောမောတဲ့ စတိုင်နဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကို တဖြုတ်ဖြုတ်ကြွေအောင် ဖမ်းစားလွန်းနိုင်တဲ့ တိုင်ရွန်က အမာခံပရိသတ် အမြောက်အများကို ပိုင်ဆိုင်ရရှိထားပါတယ်။ တိုင်ရွန်ရဲ့ချစ်ပရိသတ်တွေကတော့ သူရဲ့လှုပ်ရှားမှုတိုင်းကို အမြဲစောင့်ကြည့်အားပေးနေတာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာတော့ တိုင်ရွန်က Photo Shooting လေးတွေရိုက်ကူးနေရသလို ပွဲအခမ်းအနားတွေလည်း ဆက်တိုက်တက်ရောက်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် လတ်တလောမှာတော့ သူ့ကိုလွမ်းနေတဲ့ ပရိသတ်တွေတွက် ရူတင်ကအမှတ်တရ ပုံလေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။တိုင်ရွန်ကတော့ အမြဲလို အထာကျကျ အမိုက်စားလန်းနေတာကြောင့် ကောင်မလေးတွေအချစ်ပိုနေရတာလည်းဖြစ်ပါတယ်။ကဲ ချစ်ပရိသတ်ကြီးတွက် တိုင်ရွန်ရဲ့ ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။


Source:Tyron Bejay
Credit; Myanmarload