အဖေလည်း ဝယ်ပေးနိုင်တာပဲဆိုတော့ နေခြည့်အတွက်က အချစ်ဆိုတာ အဖိုးတန် ပစ္စည်းတွေ မလိုဘူးဆိုတဲ့ နေခြည်ဦး – Myanmar Hot News
24th October 2021

အဖေလည်း ဝယ်ပေးနိုင်တာပဲဆိုတော့ နေခြည့်အတွက်က အချစ်ဆိုတာ အဖိုးတန် ပစ္စည်းတွေ မလိုဘူးဆိုတဲ့ နေခြည်ဦး

နေခြည်ဦးကတော့ စကားပြောပွင့်လင်းပြီး အမြဲတတ်ကြွလန်းဆန်းနေတဲ့ သူမရဲ့ပုံစံလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုခဲ့ရပါတယ်။ နေခြည်ဦးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလဲ ရိုက်ကူးနေသလို ကြော်ငြာတွေကိုလဲ ရိုက်ကူးနေရသူလေးပဲ ဖြစ်ကာ ယခုမှာတော့ Vivo V17 Pro မိတ်ဆက်ပွဲကိုတက်ရောက်ခဲ့ပါတယ်။

သူမကတော့ ” အဖေလည်း ဝယ်ပေးနိုင်တာပဲ ဆိုတော့ နေခြည့်အတွက်က အချစ်ဆိုတာ အဖိုးတန် ပစ္စည်းတွေ မလိုဘူး မင်္ဂလာဆောင်ရင် Elie Saab အကျီ င်္ ပဲ ဝတ်မှာလို့ ပြောခဲ့တယ် …ကိုယ့်နိုင်ငံမှာတော့ ဈေးကြီးတဲ့ ဟာကြီး ဝတ်သွားလို့ ဂယက်ထ ပေမယ့် မြန်မာ ဆိုတာကို မသိသေးတဲ့ နိုင်ငံတွေဆီက attention ရခဲ့လို့ ကျေနပ်ပါတယ် ” ဆိုပြီး ပြောထားခဲ့ပါတယ်။

သူမကတော့ ” L’Oréal Parisဖက်ရှင် ရှိုးပွဲနဲ့ ပတ်သက်ပြီး ကိုယ်တကယ်ကြိုက်တဲ့ ဒီဇိုင်နာတွေနဲ့ အနီးကပ်စကားပြောခွင့်ရတယ် ဒီပွဲကြီးမှာဆိုရင်လဲ ကမ္ဘာကျော် celebrityတွေနဲ့ တွေ့ခွင့်ရခဲ့တယ် အပြင်မှာ သူငယ်ချင်းတွေနဲ့ စကားပြောနေရသလို ကမ္ဘာကျော် celebrityတွေနဲ့ စကားပြောခွင့်ရခဲ့တယ် ဓာတ်ပုံတွေလဲ ရိုက်ခွင့်ရခဲ့တယ် ” ဆိုပြီး ပြောထားခဲ့ပါတယ်။

Credit; Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *