
သက်မွန်ကတော့ အနုပညာ လောကမှာ ဆယ်ဆုနှစ်၂ခု အကြာတိုင် ရပ်တည် နိုင်ခဲ့ပြီး သူရဲ့ အကောင်းဆုံး အနုပညာ တွေကို ပရိတ်သတ်တွေကို ချပြနိုင်ခဲ့သူလည်းဖြးစ်ပါတယ်။အနေအေးပြီး ရိုးရှင်းတဲ့ သူလေးကိုပရိတ်သတ်တွေက လေးစားချစ်ခင်ကြပါတယ် အနုပညာ သက်တမ်းကြာမြင့်တဲ့အထိကို ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုလျော့ကျသွားခြင်းမရှိဘဲ လက်ရှိအချိန် ထိအောင်မြင်နေဆဲ မင်းသမီးတစ်လက်ဘဲ ဖြစ်ပါတယ်။

သားလေးသမီးလေးတွေနဲ့အတူ သာယာတဲ့ မိသားစုလေး တစ်ခု တည်ဆောက်ထားပြီး တစ်ဖက်မှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။
သက်မွန်က မကြာသေးခင်က သူမရဲ့ “ဘာလာလာ” ၇ုပ်ရှင်ဇာတ်ကားဟာလည်း ပရိတ်သတ်တွေရဲ့ အကြိုက်ကိုတွေ့စေခဲ့ပါတယ်။

ဒီနေ့မှာတော့ သက်မွန်က သူငယ်ချင်းအချို့နဲ့ နိုင်ငံခြားသွားကာ ဆေးကာသမှုခံယူခဲ့ရတဲ့ အကြောင်းတွေကို ပရိတ်သတ်ကိုပြောပြလာပါတယ်။

“သွားတာက မျက်စိရယ် နားရယ် မျက်နှာ အလာဂျစ် ဖြစ်တာကြောင့် သက်မွန် ရိုက်ကွင်း မှာ မတော်တဆ ဖြစ်ပြီး မျက်ကြည်လွှာ ပြဲဖူးတဲ့ ဒဏ်ကြောင့် မျက်ရည်လမ်းကြောင်း ပိတ်နေတာ နဲ့ လမ်းကြောင်း ဖောက်ထားရသေးတယ် မျက်နှာအလဂျစ်က သက်သာသွားပါပြီ မိတ်ကပ်မလိမ်းနေပူမထိရဘူးပြောထားပေမယ့် ကိုယ်က သရုပ် ဆောင်ဆိုတော့ မလုပ်လို့ကမရဘူး အခုတော့ အကုန်အဆင်ပြေပါတယ် စိတ်ချမ်းသာသွားပါပြီ” လို့ လက်ရှိ ကျန်းမာရေး အခြေအနေ ကို ပြောလာခဲ့ပါတယ်။

ပရိတ်သတ်တွေလည်း နေမကောင်းတာတောင် အလုပ်တွေ မနားတမ်းလုက်နေတဲ့ သက်မွန်ကိုပိုပြီး ချစ်ပေး အားပေးလိုက်ဦးနော်။
Source MC