ဇာတ်​ပို့သရုပ်​​ဆောင်​ တစ်​​ယောက်​ကို ဆိုင်​ခန်း​လေးဖွင့်​​ပေးကာ ကူညီခဲ့တဲ့ ခိုင်​နှင်း​ဝေ – Myanmar Hot News
30th March 2023

ဇာတ်​ပို့သရုပ်​​ဆောင်​ တစ်​​ယောက်​ကို ဆိုင်​ခန်း​လေးဖွင့်​​ပေးကာ ကူညီခဲ့တဲ့ ခိုင်​နှင်း​ဝေ

ပရဟိတ မင်းသမီး​လေး အဖြစ်​နဲ့ပရိတ်သ​တ်​​တွေသိကြတဲ့ ခိုင်​နှင်း​ဝေရဲ့ လိုအပ်​တဲ့​နေရာ​တွေမှာတတ်​နိုင်​သ​လောက်​ဝင်​​ရောက်​ ကူညီတတ်​သူ စိတ်​သ​ဘောထားဖြူစင်​သူဆိုတာအထူး​ပြောစရာမလိုပါဘူး​နော်​။လက်ရှိမှာလည်း မိဘမဲ့ကလေးသူငယ်လေးတွေအတွက် “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”လို့ အမည်ရတဲ့ ဂေဟာလေးကိုတည်ထောင်ကာ က​လေး​တွေကို မိခင်​ရင်းပမာ ပြုစု ​စောင့်​​ရှောက်​​နေတာဘဲဖြစ်​ပါတယ်​။

ဒီနေ့ မှာလည်း ခိုင်နှင်းဝေဟာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့သရုပ်ဆောင် ဒေါ်နန်းခမ်းဝါအတွက် စီးပွားရေးလုပ်ငန်းလေးအဖြစ် အအေးဆိုင်လေးတစ်ဆိုင်ဖွင့်ပေးခဲ့ပါ​သေးတယ်​။အအေးဆိုင်လေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေအပြင် ဆန်(၁)အိတ်နဲ့ အလှူငွေတွေနဲ့ တခြားသော ပစ္စည်းတွေကိုလည်း လှူဒါန်းပါသေးတယ်။

ခို်​င်​နှင်း​ဝေက အကူအညီ လိုအပ်​​နေတဲ့ ​နေရာမှန်​သမျှ သူမတတ်​စွမ်းသ​လောက်​နဲ့ အမြဲ ကူညီ​ပေးလျက်​ရှိပြီး အများ​လေးစားအားကျဖွယ်​​ကောင်းတဲ့ မင်းသမီး​လေးဘဲဖြစ်​ပါတယ်​။

Source Khaing Hnin Wai

Leave a Reply

Your email address will not be published. Required fields are marked *