
မင်းသမီးချောလေး ဖွေးဖွေးကတော့ ပရိတ်သတ်အခိုင်အမာရရှိထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အမြို့အမြို့အနယ်နယ်ရှိပရိတ်သတ်တွေရဲ့ အားပေးခြင်းကို ရ ရှိထားသူပါ။ အကယ်ဒမီ ၃ ဆုကို ရရှိပိုင်ဆိုင်ထားပြီး လက်ရှိမှာလည်း ပရိတ်သတ်အကြိုက်ဖြစ်စေမယ့် ဇာတ်ကားကောင်းများစွာကို ရိုက်ကူးထားပါသေးတယ်။

ဖွေးရဲ့ ဇာတ်ကားများဟာလည်း ပရိတ်သတ်တွေကြား လူကြိုက်များကာ ရုံပြည့်ရုံလျံ အားပေးကြစမြဲ
ပါဘဲ..ဖွေးဖွေးဟာ accident ဖြစ်ပြီး ရှပ်ရှင်ဇာတ်ကားတွေ မရိုက်ဘဲ အနားယူထားခဲ့ရာ ယခုအခါ ၆လကြာမှ ပထမဆုံးအနေနဲ့ အချစ်ဇာတ်ကားလေးကို လက်ခံရိုက်ကူးတော့မှာဘဲဖြစ်ပါတယ်။

ဒီကနေ့လေးမှာတော့ဖွေးဖွေးက ပရိတ်သတ်တွေကို စိုးရိမ်းအောင် ကျီစယ်ထားပါသေးတယ်..
သူမရဲ့ ဖေ့စ်ဘုတ်ခ် မှာ ဆင်တူ ဖိနပ်လေးဝတ်ကာပရိတ်သတ်တွေကို စထားပါသေးတယ်။ အကဲပို အချစ်သည်းလွန်းတဲ့ သူမရဲ့ ပရိတ်သတ်တွေဟာလည်း သို့လောသို့လောနဲ့ ဖြစ်နေကြပါတယ်။

အစသန်တဲ့ ဖွေးလေးကလည်း သူမရဲ့ ပရိတ့သတ်တွေကို” ဟဲဟဲ စကြည့်တာပါခြေထောက်ပိုင်ရှင်က ဖွေးတို့ခုရိုက်နေတဲ့ Love Equation ရဲ့ Art Director, Stylist & big brother ကိုကြီး Thi Han ပါ !! ငိငိ ” ဆိုပြီး စိတ်ပူနေတဲ့ ပရိတ့သတ်တွေကို ပြောပြထားပါတယ်။

အချစ်ရေးကို စိတ်မဝင်စားဘဲ အလုပ်တွေကိုဘဲ ကြိုးစားလုပ်နေတဲ့ ဖွေးလေးရဲ့ အချစ်ဇာတ်ကားသစ်ကို ပရိတ်သတ်တွေ မကြာခင် ကြည့်ရတော့မှာပါ။

Source Phway Phway