
သက်မွန်ကတော့ အနုပညာ လောကမှာ ဆယ်ဆုနှစ်၂ခု အကြာတိုင် ရပ်တည် နိုင်ခဲ့ပြီး သူရဲ့ အကောင်းဆုံး အနုပညာ တွေကို ပရိတ်သတ်တွေကို ချပြနိုင်ခဲ့သူလည်းဖြစ်ပါတယ်။အနေအေးပြီး ရိုးရှင်းတဲ့ သူလေးကိုပရိတ်သတ်တွေက လေးစားချစ်ခင်ကြပါတယ် အနုပညာ သက်တမ်းကြာမြင့်တဲ့အထိကို ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုလျော့ကျသွားခြင်းမရှိဘဲ လက်ရှိအချိန် ထိအောင်မြင်နေဆဲ မင်းသမီးတစ်လက်ဘဲ ဖြစ်ပါတယ်။

ကလေး၂ယောက်အမေလို့မထင်ရလောက်အောင်ကို ယခုအချိန်ထိ နုပျိုပြီး အရင်လိုလှမြဲဘဲဖြစ်ပါတယ်။သားလေးသမီးလေးတွေနဲ့အတူ သာယာတဲ့ မိသားစုလေး တစ်ခု တည်ဆောက်ထားပြီး တစ်ဖက်မှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ သက်မွန်သူမရဲ့ ခင်ပွန်းရဲ့ ရုပ်တည်တည်နဲ့ ဂရုစိုက်တတ်တဲ့ပုံတွေကိုပြောပြလာပါတယ်” သူကရိုတတ်တယ် တည်တည်နဲ့ surprise လည်းခနခနတိုက်တယ် ကိုတောင်ကြောင်ကြောင်သွားတယ် ကလေးကိုယူထားတော့ဂရုစိုက်ရတာပေါ့ အမှန်တော့ ကိုယ့်ထက်၁နှစ်ဘဲကြီးပါတယ် သူပုံကိုက အနေအေး ပြီး အလုပ်မှာလည်း လူကြီးလုပ်ရတော့ တည်တည်လေးဖြစ်နေတာကိုယ်ကတော့ အိမ်မှာလည်းအငယ်ဆုံး ပျော်ပျော်နဲ့စိတ်ရှင်းရှင်းဘဲနေတတ်တယ် ရင့်ကျက်မှုကတော့ကွာသွားတာပေါ့ “ဟုပြောပြလာပါတယ်။

သက်မွန်တို့ စုံတွဲလေးကတော့ ကလေး၂ယောက်တောင်ရနေပေမယ့်အခုထိ ဂရုစိုက်မှု ကြင်နာမှုတွေ အပြည့်ပါဘဲ။

Source MC