
အပြုံးချိုချိုလေးတွေရယ် မျက်လုံးမှေးမှေးလေးနဲ့ ချစ်စရာလည်းအရမ်းကောင်းပြီး သရုပ်ဆောင်လည်းကောင်းတဲ့ သရုပ်ဆောင်မင်းသမီးချောလေးခင်လေးနွယ်ဆိုတာ အားလုံးရဲ့အသည်းကျော်လေးပါပဲနော်။ သူမဟာ လီဆူတိုင်းရင်းသူလေးတစ်ယောက်လည်းဖြစ်ပြီးတော့ ပရိတ်သတ်တွေပေးတဲ့ ရင်ထဲကနေရာတစ်နေရာကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။


အခုလတ်တလောမှာဆိုရင်တော့ သူငယ်ချင်းတွေနဲ့ အတူ အပန်းဖြေခရီးတွေ မကြာခဏဆိုသလိုထွက်ရှိနေတာလည်းဖြစ်ပါတယ်။ပရိသတ်တွေ အပေါ်မှာလည်း ရိုးသားပွင့်လင်းစွာ ပေါင်းသင်းဆက်ဆံတဲ့ အတွက်ကြောင့် လည်းပရိသတ်တွေ အချစ်ပိုနေရတာဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အတူ ပျော်ရွှင်အေးချမ်းစွာ အနုပညာအလုပ်တွေ လုပ်ရင်း သူမရဲ့ ဘဝကိုသာယာပျော်ရွှင်စွာ ဖြတ်သန်းနေတာဖြစ်ပါတယ်။

ခင်လေးနွယ်က ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။လတ်တလောမှာလည်း မြန်မာဝတ်စုံလေးနဲ့ ယဉ်ယဉ်လေး လှရက်လွန်းနေတဲ့ ပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိလှနေတာကြောင့်ပရိသတ်ကြီးကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Credit; Myanmarload