Cele News

သီတင်းကျွတ်​အမှတ်​တရ​တွေနဲ့ အိမ်​ကို လွမ်းတယ်​ဆိုတဲ့ နန်းစန္ဒာလှထွန်း

နန်းစန္ဒာလှထွန်းကတော့ ပရိသတ်တွေအရမ်းချစ်​ရတဲ့ ရှမ်းတိုင်းရင်းသူ လေးဖြစ်​ပြီး ယောကျာ်းလေးပရိသတ်တွေတမ်းတမ်းစွဲအား​ပေးရတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးပဲ ဖြစ်ပါတယ်။


ပထမဆုံးသူမရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲ ဖြစ်တဲ့ ပဉ္စလက်ရွာ ဇာတ်လမ်းတွဲ မှ ရေဝတီ ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေတစ်ခဲနက် အားပေးမှုကိုရရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။

“ငွေစက္ကူ(၇)ရွက် ” ဇာတ်လမ်းတွဲလေးမှာ တစ်ချိန်ကအရောင်းဝန်ထမ်းမလေးကနေ KTV မှာ ဖျော်ဖြေရတဲ့ မဟုတ်မခံဆတ်ဆတ်ကြဲ “သရဖီ” ဆိုတဲ့ ကောင်မလေးအဖြစ်ပရိတ့သတ်​​တွေ ၇ဲ့ အား​ပေးမှုကို အပြည့်​အဝရရှိထားပါ​သေးတယ်​။

မကြာခင်​သီတင်းကျွတ်​ကို ​ရောက်​​တော့မှာမို့နန်းတစ်​​ယောက်​သူမရဲ့ နယ်​မြို့က မိသားစုအိမ်​​လေးကိုအရမ်းဘဲ လွမ်းဆွတ်​လျက်​ရှိပါတယ်​” သီတင်းကျွတ်​ဆို မိသားစုနဲ့ အတူတူ ဖြတ်​သန်းချင်​တယ်​ အလုပ်​ရှိလာ​တော့ သီတင်းကျွတ်​လဲ အလုပ်​လုပ်​​နေရတာဘဲများတယ်​ မိသားစုနဲ့ ​ဝေးသွားတယ်​ ထီလှည်းက စိုင်းထီစိုင်​သီချင်း ​လေး​တွေကြားရင်​ အိမ်​ကို အရမ်းသတိရတာဘဲ နယ်​က​ကျ​တော့ တကယ်​ဖ​ယောင်းတိုင်​​လေး​တွေ ထွနိး မနက်​ဆိုရင်​ ဆွမ်းကပ်​ နတ်​​တွေ ကပ်​နဲ့ အဲ့လို​လေးပို​ပျော်​ပါတယ်​ ရနိကုန်​မှာလို မီးသီး​တွေ ထွန်းတာမဟုတ်​ဘဲ တကယ်​ဖ​ယောင်းတိုင်​​လေး​တွေ အိမ်​အနှံ လိုက်​ထွန်းကြတာ” ဟု သူမရဲ့ သီတင်းကျွတ်​ အမှတ်​တရ ​တွေကို​ပြောလာပါတယ်​ ဒီနှစ်​သီးတင်းကျွတ်​မှာ​တော့ နန်းတစ်​​ယောက်​ ချစ်​ရတဲ့ မိသားစုနဲ့ အတူတူ ဖြတ်​သန်းနိုင်​ပါ​စေလို့ ဆု​တောင်းး​ပေးလိုက်​ပါတယ်​​နော်​။

Source MC

Leave a Reply

Your email address will not be published. Required fields are marked *