
အဆိုဘက်တွင်သာမကဘဲ သရုပ်ဆောင်ဘက်မှာပါထူးချွန်ပြောင်မြောက်တဲ့အနုပညာရှင်ကတော့ ထွန်းထွန်းပါ။ သူဟာ သီချင်းပေါင်းများစွာကို သီဆိုခဲ့သူတစ်ယောက်သာမကဘဲ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့သူတစ်ယောက်ပါ။ သူသရုပ်ဆောင်ခဲ့တဲ့ ” သံချောင်း ” ဆိုတဲ့ ဗီဒီယိုဇာတ်ကားလေးဟာလည်း ယနေ့ထိတိုင်ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာပါ။


လတ်တလေအနုပညာလှုပ်ရှားမှုအနေနဲ့ နှင်းဆီအဖွဲ့သားများနဲ့အတူ နှင်းဆီလှေလို့ အမည်ပေးထားတဲ့ ရန်ပုံငွေ အငြိမ့်ဖျော်ဖြေပွဲတစ်ခုဖျော်ဖြေရန် ရှိပါတယ်။ အခုတစ်လောသူ့ရဲ့ Facebook Myday တွင် ချစ်သူရဲ့အကြောင်းလေးတွေကို မကြာခဏတင်လေ့ရှိနေတာပါ။ ပရိသတ်တွေကြားမှာလည်း ဒီအကြောင်းအရာလေးကိုသိချင်နေကြတာပါ။

အခုတစ်ခေါက်မှာတော့ သူ့ရဲ့ ချစ်သူပုံရိပ်လေးကို အလင်းပြလိုက်ပါပြီ။ ထွန်းထွန်းရဲ့ Facebook myday တွင် သူ့ရဲ့ကောင်မလေးနဲ့ပုံရိပ်လေးကိုတင်ထားတာပါ။ ပရိသတ်တွေကြားမှာစိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဒီပုံရိပ်လေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Credit; Myanmarload