
ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်လင်းဇာနည်ဇော်ဟာဆိုရင် တစ်ခေတ်တစ်ခါတည်းက အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အချစ်များစွာကိုရရှိခဲ့တဲ့ မင်းသမီးချောတစ်လက်ဖြစ်ပါတယ်နော်။လင်းဇာနည်ဇော်ကတော့ တစ်ခေတ်မှာ ဆံပင်အရှည်ကြီးနဲ့အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားလို့ အေးချမ်းတဲ့အလှပိုင်ရှင်လေးလို့ ပရိသတ်တွေကအသိအမှတ်ပြုကြပါတယ်။


လင်းဇာနည်ဇော်က ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ကိုယ်ပိုင်စီးပွားရေးလေးကိုလည်း ချစ်မကြီးချစ်ချစ်ဇော်နဲ့အတူ တွင်ကျယ်အောင်လုပ်ကိုင်နေတာဖြစ်ပါတယ်။လင်းဇာနည်ဇော်က ချစ်စရာသမီးလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး သမီးချောလေးမြူလင်းကိုကိုဟာဆိုရင် အသက်၂၂နှစ်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး သြစတေးလျမှာ ပညာသင်ကြားနေတာဖြစ်ပါတယ်။

မြူလင်းကိုကိုကလည်း ချစ်မေမေရဲ့အနုပညာသွေးအပြည့်ပါတာကြောင့် အနုပညာကိုဝါသနာပါပြီး မကြာခင်မှာကျောင်းပြီးတော့မှာဖြစ်လို့ မြန်မာနိုင်ငံကိုပြန်လာပြီး အနုပညာအလုပ်တွေကို တတ်နိုင်သလောက်လုပ်ဆောင်တော့မှာဖြစ်ပါတယ်။မြူလင်းကိုကိုကတော့ အသားအရည်လေးကဖြူဖွေးနုဖတ်နေပြီးအရမ်းချစ်စရာကောင်းကာ အခုဆိုရင်လည်း Gym ကစားနေတဲ့ ချစ်စရာပုံရိပ်လေးကို ပရိသတ်ကြီးအတွက် မျှဝေလာပါတယ်နော်။

Credit; Myanmarload