
သရုပ်ဆောင်ခင်လှိုင်ဟာ အနုပညာသက်တမ်းဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုတွေများစွာနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူဟာ သရုပ်ဆောင် အလုပ်သာမကပဲ ဒါရိုက်တာအဖြစ်ပါ လှုပ်ရှားလုပ်ကိုင်နေသူတစ်ယောက်ပါ။ ချစ်ရတဲ့သားနဲ့သမီးလေးဟာလည်း ဖခင်နဲ့အတူ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေပါပြီ။

မကြာခင်မှာလည်း သူရိုက်ကူးထားတဲ့ ” ချိုးရုပ် ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာပါ။ လတ်တလောမှာတော့ မြင့်မြတ်၊အိချောပိုတို့နဲ့အတူ ” Players ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာပါ။ မနေ့ညကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ပို့စ်တစ်ခုတင်ထားတာပါ။

ဒါကတော့ ” ချစ်စရာကောင်းလိုက်တဲ့ ချစ်ညီမလေး အေးမြတ်သူ နေ့လည်က ဖါးဆန်ပြုတ် စားနေတာလေးတင်ထားတော့ ဆရာစံရေပါဆယ်ဆွဲးခဲ့လို့စလိုက်တာ ခုရန်ကုန်ပြန်ရောက်လို့လေယဉ်ပေါ်ကဆင်းတာနဲ့

ဖုန်းဆက်ပြီးကျွန်တော်အိမ်ရှေ့အရောက်လာပို့သွားတယ် ကျွန်တော်အစာအိမ်နာနေလို့ သိပ်နေမကောင်းတာနဲ့ထမင်းတောင်သိပ်မစားဖြစ်တဲ့အချိန်လေးမှာ ခုလိုစားချင်တာလေးသတိတရနဲ့ဝယ်လာပေးတာ

ပျော်လိုက်တာ ကျေးဇူးအများကြီးတင်ပါတယ် အနုပညာမောင်နှမတွေအပေါ် အမြဲးလေးစားချစ်ခင်တတ်တဲ့ ချစ်ညီမလေး အေးမြတ်သူ ” ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Credit; Myanamrload