Cele News

ဆိုင်းမိုင်နဲ့ နှင်းဆီတို့ နှစ်ယောက်ကြား ကြည်နူးနေတဲ့ မင်းသားချောလေးစည်သူဝင်း

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝအခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော်ပနုပညာရှင်တွေထဲမှာ MRTV-4 မင်းသား မင်းသမီးချောလေးတွေဖြစ်ကြတဲ့ စည်သူဝင်း၊ ပိုးကြာဖြူခင်နဲ့ ခေးဆက်သွင်တို့ကလည်း အပါအဝင်ပါပဲ..။

ချစ်စရာကောင်းပြီး သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြပြီး ယောင်္ကျားလေး မိန်းကလေး ပရိသတ်မရွေး အားလုံးက ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်..။

MRTV-4 ဇာတ်ကားတွေများစွာ ရိုက်ကူးထားကြသလို ကြော်ငြာတွေနဲ့ အခမ်းအနားပွဲတော်တော်များများကိုလည်း တက်ရောက်ဖြစ်နေကြပြီး အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေကြသူတွေပဲ ဖြစ်ပါတယ်..။

အခုတစ်ခါမှာလည်း မင်းသားချောလေး စည်သူဝင်းကတော့ ပရိသတ်တွေရဲ့ အသည်းကျော်မင်းသမီးချောလေး နှစ်ယောက်နဲ့အတူ ကြော်ငြာလေးတွေအတူ ရိုက်ကူးနေပြီး ပရိသတ်တွေကို သဘောကျစေပြန်ပါတယ်နော်..။

လိုက်ဖက်ညီလွန်းကြတဲ့ ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကိုလည်း စည်သူဝင်းက ပရိသတ်တွေအတွက် ကြည်ကြည်နူးနူးလေးနဲ့ အလွမ်းပြေလေး ပြန်လည်မျှဝေထားတာမို့ ပရိသတ်တွေကလည်း အချစ်ပိုနေကြပါတယ်နော်..။

“အကိုကျော် + နှင်းဆီ လား

ရဲသွေး + ဆိုင်းမိုင် လား

ကိုစည် + ညီမလေး လား..” ဆိုပြီး ရိုက်ကွင်းပေါ်က အမှတ်တရဓာတ်ပုံလေးတွေကို ချစ်ပရိသတ်တွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်..။

Credit; Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *