
ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားကြပြီး ထိပ်တန်းကနေ အောင်မြင်နေကြတဲ့ ပြည်သူချစ်ဒိတ်ဒိတ်ကြဲ မင်းသမီးချောလေးနှစ်ယောက်တော့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ပဲ ဖြစ်ပါတယ်..။

ချစ်စရာကောင်းလွန်းတဲ့ ပရိသတ်အသည်းကျော် ဖွေးစိန်လေးနဲ့ ရွှေကစ်လေးတို့ ညီအစ်မနှစ်ယောက်ကတော့ ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ အကယ်ဒမီထူးချွန်ဆုတွေကို ရရှိထားကြသလို ယောင်္ကျားလေး မိန်းကလေး အသက်အရွယ်မရွေး အားလုံးက ချစ်ခင်အားပေးနေကြရသူလေးတွေပါနော်..။

မကြာခင်သီတင်းကျွတ်တော့မှာမို့ မြန်မာတို့ရဲ့ ချစ်စရာရိုးရာလေးဖြစ်တဲ့ လူကြီးသူမတွေကို ဂါဝရတရားတွေနဲ့ ရိုသေစွာကန်တော့ကြတဲ့ အတိုင်း ဖွေးစိန်လေးနဲ့ ရွှေကစ်လေးတို့ ညီအစ်မတွေကလည်း လူကြီးသူမတွေကို ကန်တော့ခဲ့ကြပါတယ်..။
အခုတစ်ခါမှာလည်း ရွှေကစ်လေးတစ်ယောက် ဦးလေးဖြစ်တဲ့ ဖွေးစိန်လေးရဲ့ မိဘတွေကို အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ခဲ့ပါတယ်..။

ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေနဲ့ လက်အုပ်ကလေးချီပြီး အပျော်လေးတွေနဲ့ ကန်တော့နေတဲ့ ရွှေကစ်လေးရဲ့ ပုံလေးကတော့ ပရိသတ်တွေကို အချစ်ပိုစေပြီး ဂါဝရတရားလေးတွေနဲ့ လာရောက်ကန်တော့ခဲ့တဲ့ ရွှေကစ်လေးတို့ရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ဖွေးစိန်လေးရဲ့ ဖေဖေက ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

“ကျော့်ရဲ့ညီတော်မောင်နဲ့ ချစ်တူမကစ်ကစ်…
ကေးကေးတို့မိသားစုသီတင်းကျွတ်လာကတော့ကြတယ်ပေါ့…..” ဆိုပြီး ဖွေးစိန်လေးရဲ့ ဖေဖေက ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်နော်..။

Credit; Myanmarload