
ပရိသတ်ကြီးရေ အကယ်ဒမီလွင်မိုးရဲ့ သမီးချောလေး ယွန်းဝတီလွင်မိုးကတော့ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်နော်။ယွန်းဝတီလွင်မိုးရဲ့သားလေးကလည်း ဖိုးဖိုးလွင်မိုးနဲ့အရမ်းတူတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးထားကြပါတယ်။ယွန်းဝတီလွင်မိုးက သားလေးကို Liamလေးလို့ ချစ်စနိုးခေါ်ပြီး မြန်မာနာမည်ကိုတော့ လွင်ထက်လို့ ပေးထားပါတယ်နော်။

Liamလေးကတော့ အခုဆိုရင် ၁နှစ်ကျော်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး လမ်းတွေလည်းလျှောက်တတ်နေပါပြီနော်။ဖွားဖွားမေသူနဲ့ဖိုးဖိုးလွင်မိုးတို့က liam လေးကို သေချာပြုစုစောင့်ရှောက်တာကြောင့် သားချောလေးက ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာတာဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံကတော့ သားလေးကို မိဘတွေနဲ့ထားခဲ့ပြီး နိုင်ငံခြားမှာပညာသင်ယူနေကြတာဖြစ်ပါတယ်။

Liam လေးကတော့ အသက်ငယ်ငယ်လေးနဲ့ ချစ်ရတဲ့ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားပြီး လူချစ်လူခင်ပေါများတဲ့ကလေးလေးဖြစ်ပါတယ်။အခုဆိုရင်တော့ ဖွားဖွားမေသူက Liam လေးရဲ့ ၆လတုန်းက ၀၀ကစ်ကစ်လေးနဲ့အရမ်းချစ်စရာကောင်းနေတဲ့ပုံလေးတွေကို ပရိသတ်ကြီးမြင်တွေ့ရအောင်လို့ လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်နော်။


Photo Credit:May Thu(Liam’s Fans group)
Credit; Myanmarload