
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပရိတ်သတ်တွေ ရဲ့ နှလုံးသား ကို သူမရဲ့ အသံချိချိုလေးတွေနဲ့ အပိုင်သိမ်းနိုင်ခဲ့တဲ့ ဆယ်ကျော်သက်အဆိုတော် မလေး အေသင်ချိုဆွေ ဟာ လက်ရှိမှာတော့ အရင်လိုဘဲ ဂီတကိုရူးသွပ်တဲ့ လူတစ်ယောက် သမီးလေး Ivyကို တစ်ကိုယ်တည်း သတ္တိရှိရှိထိန်းကျောူ်းနေတဲ့ ရဲရင့်တဲ့ မေမေတစ်ယောက်ဖြစ်နေပါပြီ။

အေသင်ဟာ အနုပညာအလုပ်တွေကို အရင်ထက်ပိုတိုးလုပ်လျက်ရှိုပြီးသမီးလေးအတွက် သီချင်းတွေကိုလည်း ဆိုတတ်သေးပါတယ်။

လက်ရှိမှာတော့ Ivyလေးဟာ KG ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး သူမရဲ့ချစ်စရာကောင်းလှတဲ့ ဟန်ပန်အမူအရာလေးတွေကို မေမေအေသင်က ဗီဒီယိုလေးတွေ နဲ့ အတူ ချစ်တဲ့ပရိသတ်တွေအတွက် အမြဲဝေမျှပေးလေ့ရှိပါတယ်။ဒီနေ့မှာတော့ဆယ်ကျော်သက်ဘဝက ပုံရိပ်လေးတွေကို ပရိသတ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။” ဟို ယခင် ဂျူံးဂျူံး ကျခဲ့စဉ် ငါ့ညီမ က ဒေါင်း မျိုးနော်။အသက်ကြီးလေ လှလေ၊ကြီးလေ လှလေ ဆိုတော့ ကြီးလှလို့ ပြောင်းခေါ်မယ်နော် ယူ ” ဆိုပြီး ဆယ်ကျော်သက်အရွယ်ကပုံရိပ်လေးတွေကို ဝေမျှခဲ့တာဘဲဖြစ်ပါတယ်။ ပရိတ်သတ်တွေအတွက် အေသင်ရဲ့ ငယ်ငယ်က ချစ်ဖို့ကောင်းတဲ့ ပုံလေးတွေကိုဖော်ပြလိုက်ပါတယ်နော်။


Source :Athen Cho Swe