Cele News

မိခင်​စိတ်​အပြည့်​နဲ့ သားသမီး ​တွေကို အသက်​ကြီးလာတဲ့အထိ ​ပျော်​​ပျော်​ရွှင်​ရွှင်​နဲ့ ​နေသွား​စေချင်​တဲ့ ခိုင်​နှင်း​ဝေ

ပရဟိတ မင်းသမီး​လေး အဖြစ်​နဲ့ပရိတ်သ​တ်​​တွေသိကြတဲ့ ခိုင်​နှင်း​ဝေရဲ့ လိုအပ်​တဲ့​နေရာ​တွေမှာတတ်​နိုင်​သ​လောက်​ဝင်​​ရောက်​ ကူညီတတ်​သူ စိတ်​သ​ဘောထားဖြူစင်​သူဆိုတာအထူး​ပြောစရာမလိုပါဘူး​နော်​။လက်ရှိမှာလည်း မိဘမဲ့ကလေးသူငယ်လေးတွေအတွက် “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”လို့ အမည်ရတဲ့ ဂေဟာလေးကိုတည်ထောင်ကာ က​လေး​တွေကို မိခင်​ရင်းပမာ ပြုစု ​စောင့်​​ရှောက်​​နေတာဘဲဖြစ်​ပါတယ်​။

အစဉ်​အမြဲ တတ်​နိုင်​သ​လောက်​ ဝိုင်းဝန်းကူညီ​တတ်​​လေ့ရှိပြီး သူမရဲ့ ​မေတ္တာ တရားကြီးမားပုံကို ပရိတ်​သတ်​​တွေက အသိအမှတ်​ပြုကာ ​လေးစားရသးဘဲဖြစ်​ပါတယ်​။


မကြာ​သေးခင်​ကပင်​ ဇာတ်​ပို့သရုပ်​​ဆောင်​တစ်​​ယောက်​ကိုလည်း အိမ်​ဆိုင်​ခန်း​လေး မတည်​​ပေးကာ ကူညီ​ပေးခဲ့ပါ​သေးတယ်​။ဒီ​နေ့မှာ​တော့ ခိုင်​နှင်း​ဝေက သူမရဲ့ က​လေး​တွေရဲ့ ​အပူအပင်​ကင်းကင်း​ပျော်ရွှင်​​နေကြပုံကို ပီတီဖြစ်​စွာ ​ပြောထားပါ​သေးတယ်​။

“အလှူကနေအိမ်ပြန် သမီးလေး ခေါ်ပြီး သူ့မောင်လေး ညီမလေးတွေဆီ လိုက်ပို့ပေးတာ သမီးလေးက အငယ်လေးတွေ အများကြီးနဲ့ပျော်ပြီး ဆော့နေတာ အိပ်တောင်မအိပ်ဖူး
မိဘဆိုတော့ သားသမီးတွေအချင်းချင်း အဆင်ပြေနေရင်ကို ပျော်နေရတာ လေ
သားတွေသမီးတွေ အသက်ကြီးတဲ့ထိ ချစ်ချစ်ခင်ခင်နဲ့ နေသွားဖို့လည်း အမြဲ ဆုတောင်းတယ်
ကြည့်ပါဦး ကျမ ဘဝကြီး ဘယ်လောက် စိုပြေနေလိုက်လဲရှင် “ဆိုပြီး​ကျေနပ်​​ပျော်​ရွှင်​​နေပါတယ်​။
မိခင်​စိတ်​အပြည့်​နဲ့ သူမပြုစု​စောက်​​ရှောက်​ထားတဲ့ က​လေး​တွေကို တစ်​သက်​လုံး​ပျော်​ရွှင်​စွာကြီးပြင်းလာ​စေချင်​တာဘဲဖြစ်​ပါတယ်​။

Source Khine Hnin wai

Leave a Reply

Your email address will not be published. Required fields are marked *