ကိုယ်ပါရမီပါတာလေးနဲ့ မိဘကိုလုပ်ကျွေးနိုင်လို့ဝမ်းသာတယ်ဆိုတဲ့ သင်ဇာဝင့်ကျော် – Myanmar Hot News
24th March 2023

ကိုယ်ပါရမီပါတာလေးနဲ့ မိဘကိုလုပ်ကျွေးနိုင်လို့ဝမ်းသာတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

မြန်မာပရိတ်သတ်တွေရဲ့ အားပေးခြင်းကိုအပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေးသင်ဇာဝင့်ကျော်ဟာ တမူထူးတဲ့ပွဲတက်ဝတ်စုံတွေနဲ့ ဆက်စီကျကျ ဝတ်ဆင်မှုတွေကြောင့် ပရိတ်သတ်ကြားမှာ ဟိုးလေးတကျော်ကျော်ဖြစ်စေသူပါ။ဗီဒယိုတွေနဲ့ ရုပ်ရှင် ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုကိုအပြည့်အဝရရှိခဲ့တာဘဲဖြစ်ပါတယ်။

သင်ဇာဟာ လွတ်လွတ်လပ်လပ် နဲ့ပျော်ပျော်နေတတ်ပြီး ဘာသာရေးမှာလည်း လိုက်စားသူတစ်ဦးလည်း ဖြစ်ပါတယ် ။ အလုပ်တွေ အနားယူကာ တရားစခန်းဝင်လေ့လည်းရှိပြီး ကုသိုလ်ရေးမှာ လက်မနှေး တတ်သူမို့ အနုပညာရှင်အချင်းချင်းကတောင်ချစ်ခင်ရပါတယ်။

မကြာခင်ရောက်ရှိလာတော့မယ်သီတင်းကျွတ် အတွက်လည်း မိဘနှစ်ပါးကို ငွေသားအမြောက်အမြားနဲ့ ကန်တော့ခဲ့ပါသေးတယ်။ လက်ရှိအချိန်ထိ အနုပညာ ကြေးလေးနဲ့ မိဘကို လုပ်ကျွေးနိုင်ခဲ့တာကို သူအနေနဲ့ ဂုဏ်ယူမဆုံးပါဘဲ။ သင်ဇာက ငယ်ငယ်က ဆရာဝန် ၊အက်ဂျင်နီယာတွေ ဖြစ်ချင်ခဲ့ပေမယ့် နောက်ဆုံး သူမနဲ့ ပါရမီ ပါတဲ့ အနုပညာ အလုပ်လေးနဲ့ မိသားစုကို ထောက်ပံ့ပေးနိုင်ခဲ့တာဘဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ မကြာမီမှာ ပြည်သူတွေကြားဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့ မြမြ အကြောင်းကို ဇာတ်လမ်းပုံဖော်ရိုက်ကူးမယ့် ရုပ်ရှင်မှာမြမြအဖြစ်ပါဝင်သရုပ်ဆောင်တော့မှာဘဲဖြစ်ပါတယ်။

Source MC

Leave a Reply

Your email address will not be published. Required fields are marked *