
မေမီကိုကိုဟာ အနုပညာလောကမှာ အချိန်တိုအတွင်းအောင်မြင်မှုရရှိထားသူတစ်ယောက်ဖြစ်ပြီး MRTV-4 ရုပ်သံဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင်မင်းသမီးချောလေး တစ်ယောက်ပါ။မေမီကိုကိုက ပျားရည်အိုင် ဇာတ်လမ်းတွဲနဲ့ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့သူဖြစ်ပြီး နောက်ထပ်ဇာတ်လမ်းတွဲများလည်း ရိုက်ကူးထားပြီးMRTV -4 မှာ ယခုပြသနေတဲ့ တတိယမြောက်ဆုံမှတ် ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာပါ။


မေမီကိုကိုဟာ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားပြီး သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် ပရိသတ်တွေကအချစ်ပိုနေကြတာပါ။သူမရဲ့ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်တွေကလည်း မြင်ရသူတိုင်း လည်ပြန်ငေးရလောက်အောင် လှရက်လွန်းသူလေးဖြစ်သလို လက်ရှိမှာလည်း အနုပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်နေတာပါ။မေမီဟာ လက်ရှိချိန်ထိ ချစ်သူမထားသေးဘဲ အနုပညာအလုပ်တွေကို လုပ်ရင်းဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေသူပါ။


မေမီဟာ အသက်ငယ်ငယ်လေးနဲ့အနုပညာလောကမှာကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တာကလည်း သူမရဲ့အောင်မြင်မှုတွေထဲက တစ်ခုဖြစ်ပြီး ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို ရရှိထားသူပဲ ဖြစ်ပါတယ်။ အခုလည်းပရိသတ်ကြီးအလွမ်းပြေဖို့အတွက် မေမီကိုကိုက အလှပုံရိပ်လေးတွေတင်ထားတာဖြစ်ပြီး ပရိသတ်ကြီးအတွက် ပြန်လည်ကူးယူဖော်ပြလိုက်တာမို့ ပရိသတ်တွေအားလုံးလည်း သဘောကျနေကြမှာပါနော်။

Credit; Myanmarload