
အသားညိုညို ပိန်ပိန်သေးသေး အသံပါဝါ ကောင်းကောင်းနဲ့ ပရိသတ်တွေကို အကောင်းဆုံး performance တွေတင်ဆက်ပြသလေ့ရှိသူကတော့ အဆိုတော်မလေး အိမ့်ချစ်ပဲဖြစ်ပါတယ်။အိမ့်ချစ်သီဆိုထားတဲ့ သီချင်းအများစုဟာလည်း ကိုယ်တိုင်ရေးကိုယ်တိုင်ဆိုထားတဲ့ တေးသီချင်းများလည်းပါဝင်ပါတယ်။အိမ့်ချစ်ဟာ ဘာသာရေးကိုလည်း အလေးထားသူတစ်ယောက်ဖြစ်ပြီး အလှူအတန်းများလည်း အမြဲတမ်းပြုလုပ်လျှက်ရှိပါတယ်။


သူမအသက် ၁၂ နှစ်အရွယ်ကတည်းက အဖေဖြစ်သူနဲ့အတူ show ပွဲမှာ သီချင်းသီဆိုရာမှတစ်ဆင့် ဂီတလောကထဲသို့ ဝင်ရောက်လာတာဖြစ်ပြီးယခုအချိန်မှာဆိုရင်တော့ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်နှစ်သက်ခြင်းကို ရရှိထားသူတစ်ယောက်ပါ။ ပြည်ပနိုင်ငံမှာ ကျင်းပတဲ့ပွဲတွေမှာလည်း အိမ့်ချစ်ဟာ ဆုတံဆိပ်တွေရရှိထားတာပါ။အိမ့်ချစ်ဟာ Emily By Eint Chit ဆိုတဲ့ ကိုယ်ပိုင်brand တစ်ခုကို တည်ထောင်ထားတာဖြစ်ပါတယ်။

အိမ့်ချစ်ဟာပွင့်လင်းရိုးသားပြီး လူတိုင်းအပေါ်မာန မကြီးဘဲဖော်ရွေလွန်းတာလေးကလည်း လေးစားအတုယူစရာကောင်းပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို ပိုင်ဆိုင်ထားတာပါ။မိန်းကလေးဆန်ဆန် ပန်းလေးတွေနဲ့ ဓာတ်ဖမ်းပြီး အရမ်းလှနေတဲ့ အိမ့်ချစ်က”ထမင်းစားလဲလွမ်းတယ်ရေသောက်တိုင်းလဲလွမ်းတယ်ကလောရောက်လဲလွမ်းနေလို့…..မသိဘူးလွမ်းနေတယ်…”ဆိုပြီး သူမရဲ့အလှပုံရိပ်လေးတွေနဲ့တွဲပြီးတင်ထားတာလေးကို ချစ်ပရိတ်သတ်ကြီးလည်း သဘောကျနှစ်သက်ကြမှာပါနော်။

Credit; Myanmarload