
ဘာဘီအရုပ်မလေးလို အရမ်းချစ်ဖို့ကောင်းတဲ့ခင်ဝင့်ဝါဟာဆိုရင် မြန်မာ့ဂုဏ်ဆောင်အလှမယ်သရဖူကို ဆောင်းခဲ့ပြီး နိုင်ငံတကာစင်မြင့်ထက်တွေမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။နောက်ပိုင်းမှာတော့ ခင်ဝင့်ဝါက ဗီဒီယိုဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်လာတာဖြစ်ပါတယ်။


ခင်ဝင့်ဝါကို ချစ်ခင်အားပေးကြတဲ့ပရိသတ်တွေလည်းအများအပြားရှိပြီး အနုပညာလောကမှာ နေရာတစ်နေရာကနေ ရပ်တည်နေတာဖြစ်ပါတယ်။ခင်ဝင့်ဝါက လူလေးလည်းလှသလို စိတ်ထားလေးကလည်းဖြူစင်လို့ လူချစ်လူခင်ပေါများပါတယ်နော်။မာန်မာနမရှိဘဲ သဘောကောင်းဖော်ရွေပြီး လူတန်းစားမခွဲခြားတတ်သူဖြစ်လို့ ပရိသတ်တွေက အချစ်ပိုနေရတာဖြစ်ပါတယ်။

ခင်ဝင့်ဝါကတော့ လက်တလောမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ကြော်ငြာတွေရိုက်ကူးကာ ပွဲအခမ်းအနားတွေလည်းတက်ရောက်နေပါတယ်။အခုဆိုရင်တော့ တောက်ပနေတဲ့သတို့သမီးဝတ်စုံလေးနဲ့ ကျက်သရေရှိတင့်တယ်နေကာ နန်းဆန်စွာလှပနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ခင်ဝင့်ဝါက ပရိသတ်ကြီးအတွက်မျှဝေခဲ့ပါတယ်နော်။

Credit; Myanmarload