
လူငယ်လူကြီး မရွေး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ အဆိုတော် ရေမွန် ကိုတော့ သိကြမယ် ထင်ပါတယ်။ ရေမွန်ကတော့ ချစ်သူနဲ့ ပြတ်တာ ကြာနေ ပြီဖြစ်သော်လည်း လက်ရှိချိန်ထိကို ချစ်သူသစ်မထားပဲ Single တယောက်အနေနဲ့ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ရေမွန်ကတော့ သူ့အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောကြားလာကာ ခင်ဝင့်ဝါရဲ့ မွေးနေ့မှာလည်း Surprise လုပ်ပေးဖြစ်ခဲ့ပုံကို ပြောကြားလာခဲ့ပါတယ်။

Raymond အချစ်ရေးအပြောင်းအလဲရှိနေပြီလား” ကျွန်တော်လား လောလောဆယ် Single ပါဘဲ”ခင့်ဝင့်ဝါ မွေးနေ့မှာ Surprise လုပ်ပေးဖြစ်တာ နဲ့ပတ်သက်ပြီးတော့ရော ” သူကလဲ ကျွန်တော်နဂိုထဲက ကြိုက်တဲ့ Artist တစ်ယောက်ဘဲ အရင်ကမခင်ဘူးပွဲလာကြည့်မှ ကျွန်တော်တို့သိကျတာပေါ့ သူကကိုယ်ကိုလာအားပေးတယ်ပေါ့နော် ပြီးတော့သူမွေးနေ့ကလဲ တိုက်တိုက်ဆိုင်ဆိုင်နဲ့ ရောက်လာတော့ စပရိုက်လေးလုပ်ဖြစ်သွားတာပါ သူငယ်ချင်းတွေပါဘဲလို့ “ဆိုပြီးပြောပြခဲ့ပါတယ် ။

လောလောဆယ်တော့ ဘာမှမထူးခြားသေးဘူးပေါ့” ဟုတ်ကဲ့ မထူးခြားသေးပါဘူး” အဲ့လိုမျိုးရော တစ်စုံတစ်ယောက်ကို လုပ်ပေးဘူးလားဆိုတဲ့ မေးခွန်းကိုတော့ “ရှိပါတယ် မွေးနေ့လုပ်ပေးဖြစ်တာတော့ရှိတယ် ဒါပေမဲ့အဲ့လောက်တော့ သိပ်မလုပ်ပေးဖြစ်ဘူး”ဆိုပြီးပြောပြသွားပါတယ်။

အချစ်ရေးနဲ့ပက်သက်ပြီး ဘယ်တော့လောက်မှ ချပြမလဲ ဆိုတဲ့ မေးခွန်းကိုတော့ရေမွန်က ” ကျွန်တော်ချပြစရာဘာမှမရှိဘူး လောလောဆယ်တော့ လူပျိုကြီးပဲဖြစ်နေမယ်ထင်တာဘဲ ” ဆိုပြီးတော့ သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြသွား ခဲ့ပါတယ်။
Credit; Myanmarload