ခင်ဝင့်ဝါအပေါ် အိမ်ရှင်တာဝန်ကျေပွန်လို့ ပရိသတ်တွေ သဘောကျနေရတဲ့ နေတိုး – Myanmar Hot News
2nd June 2023

ခင်ဝင့်ဝါအပေါ် အိမ်ရှင်တာဝန်ကျေပွန်လို့ ပရိသတ်တွေ သဘောကျနေရတဲ့ နေတိုး

နိုင်ငံကျော် မင်းသားချော တစ်ဦးဖြစ်တဲ့ နေတိုးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်တာမို့

ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို တစ်ခဲနက် ခံရသူ တစ်ဦးပါ။ နေတိုးက သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အကယ်ဒမီဆုကြီး သုံးဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားပြီး

အောင်မြင်မှုတွေ တစ်ရှိန်ထိုး ရရှိနေတာ ဖြစ်ပါတယ်။ နေတိုးက လက်ရှိမှာလည်း သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်နေလျက် ရှိပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၃) ရက်နေ့မှာတော့ နေတိုးတို့ မိသားစုတွေက မင်းသွေးကွယ်လွန်ခြင်း တစ်နှစ်ပြည့်အဖြစ် နေအိမ်မှာ ဘုန်းကြီးဆွမ်းကပ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

မင်းသွေး ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အလှူလေးကို မိတ်ဆွေသူငယ်ချင်းတွေအပြင် အနုပညာရှင်တွေလည်း လာကြတာကို တွေ့ရပါတယ်။

နေတိုးက သူ့အိမ်ကို လာတဲ့ မိတ်ဆွေ တစ်ယောက်ချင်းစီကို ဧည့်ဝတ်ကျေပွန်ခဲ့တာကိုလည်း တွေမြင်ရပါတယ်။ နေတိုးက ဂျူနီယာညီမလေးဖြစ်တဲ့ ခင်ဝင့်ဝါအတွက်

ဟင်းတွေဖဲ့ပေးနေတဲ့ မြင်ကွင်းလေးကိုပရိသတ်တွေ သဘောကျနေရတာ ဖြစ်ပါတယ်။ နေတိုးနဲ့ ခင်ဝင့်ဝါက ဗီဒီယို ရုပ်ရှင်ဇာတ်ကားကြီးတွေကို အတူတကွ ရိုက်ကူးခဲ့ပြီး အပြင်မှာလည်း

တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးတဲ့ အနုပညာ မောင်နှမတွေပဲ ဖြစ်ပါတယ်။ နေတိုးကတော့ အိမ်ရှင်ကြီး ပီသစွာ ခင်ဝင့်ဝါကို ဟင်းတွေဖဲ့ပေးပြီး ဧည့်ခံနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း

ခင်ဝင့်ဝါနဲ့ နေတိုးတို့ရဲ့ မြင်ကွင်းလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit; Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *