ပရိသတ်အချစ်တော်မင်းသမီးချောလေး နန်းဆုဦးရဲ့ကြည်နူးစရာမွေးနေ့အလှူ – Myanmar Hot News
25th March 2023

ပရိသတ်အချစ်တော်မင်းသမီးချောလေး နန်းဆုဦးရဲ့ကြည်နူးစရာမွေးနေ့အလှူ

ဆွဲဆောင်မှုရှိတဲ့ ဘိုဆန်ဆန်ရုပ်ရည်လေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး နန်းဆုဦး ကတော့ လတ်တလောမှာ ကောင်မလေး ၂ ယောက်က၊ ကောင်လေးတစ်ယောက်နဲ့ ပေါ်တင်ကြိုက်တဲ့ ထူးထူးဆန်းဆန်းဇာတ်ကားတစ်ကားကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။

ပရိသတ်တွေလည်း တစ်ခါမှမမြင်ဖူးတဲ့ ပုံစံမျိုးနဲ့ နန်းဆုဦးတစ်ယောက် ဘယ်လိုမျိုးသရုပ်ဆောင်သွားမလဲဆိုတာကိုတော့ ပရိသတ်တွေအားလုံးကလည်း စိတ်ဝင်စားနေကြတာပါ။

ရုပ်ရှင်ဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ဖူးတဲ့အပြင် မကြာသေးခင်ကထွက်ရှိထားတဲ့ “အနန္တ” ဆိုတဲ့ သိပ္ပံရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

ဒီနေ့ကတော့ ပရိသတ်အချစ်တော်မင်းသမီးချောလေးနန်းဆုဦးရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပါတယ်။မွေးနေ့မှာတော့ မြန်မာဆန်ဆန်လေးဝတ်ပြီး ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှာ အလှူလုပ်ခဲ့တာပါ။လှူဒါန်းခဲ့တဲ့ပုံရိပ်တွေကိုလည်း “မွေးနေ့အလှူ” ဆိုပြီး နန်းဆုဦးရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာပြန်လည်မျှဝေထားပါသေးတယ်။

ကြည်နူးစရာကောင်းတဲ့မွေးနေ့အလှူပုံရိပ်တွေကိုပရိသတ်တွေကိုပြန်လည်မျှဝေလိုက်ပါတယ်နော်…။

Credit; Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *