ရှုတင်ကိုလိုက်လည်တဲ့ ဂျူနီယာမြင့်မြတ်လေးကို ချီပိုးပြီး ချစ်စရာကောင်းလွန်းလို့ချစ်မဝဖြစ်နေတဲ့ အိချောပို – Myanmar Hot News
30th May 2023

ရှုတင်ကိုလိုက်လည်တဲ့ ဂျူနီယာမြင့်မြတ်လေးကို ချီပိုးပြီး ချစ်စရာကောင်းလွန်းလို့ချစ်မဝဖြစ်နေတဲ့ အိချောပို

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အိချောပိုကတော့ ပရိသတ်တွေချစ်ခင်အားပေးရတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။လက်တလောမှာလည်း အိချောပိုက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါတင်သရုပ်ဆောင်နေလို့ ရှုတင်တွေကိုသွားနေရတာဖြစ်ပါတယ်။ပရိသတ်ကြီးကလည်း အိချောပိုရဲ့ဇာတ်ကားအသစ်တွေကို အားပေးကြဖို့စောင့်မျှော်နေကြတာဖြစ်ပါတယ်။

အိချောပိုက သဘောကောင်းဖော်ရွေပြီး စိတ်ထားဖြူစင်လို့ လူချစ်လူခင်ကလည်းပေါများကာ ပေါင်းသင်းဆက်ဆံရေးလည်း ဝင်ဆန့်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။အနုပညာမောင်နှမတွေနဲ့လည်း ခင်မင်ရင်းနှီးပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်သူလေးပါနော်။စိတ်ထားလေးဖြူစင်ပြီး ရိုးရှင်းပွင့်လင်းသူလေးဖြစ်လို့လည်း ပရိသတ်တွေက ချစ်နေရတာဖြစ်ပါတယ်။

အခုဆိုရင်လည်း အိချောပိုက မြင့်မြတ်နဲ့အတူတူ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာဖြစ်ပါတယ်။မြင့်မြတ်က သားလေးမြတ်သူကို ရှုတင်ခေါ်လာတာကြောင့် အိချောပိုကတော့ မြတ်သူလေးကို ချီပိုးပြီး စနောက်ပျော်ရွှင်နေတာဖြစ်ပါတယ်။အနေအေးလွန်းတဲ့ သားသားမြတ်သူလေးကတော့ အိချောပိုရဲ့လက်ထဲမှာ ငြိမ်ငြိမ်လေးနေပြီး ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနာ်။

Photo Credit:Ei Chaw Po’s Facebook

Credit; Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *