Cele News

ဗလ​တောင့်ေ​တာင်​နဲ့ six packs ထွက်​ချင်​တယ်​ဟု​ပြောလာတဲ့ မိုး​အောင်​ရင်

တစ်​ချိန်​က မြန်​မာဗီဒီယို ဇာတ်​ကား​တွေမှာ သူရဲ့ ပီပြင်​လှတဲ့ သရုပ်​​ဆောင်​မှု​တွေ​ကြောင့်​ ပရိတ်​သတ်​ကြား အား​ပေးမှုအခိုင်​အမာရရှိထားသူဘဲဖြစ်​ပါတယ်​။ ပရိတ်​သတ်​​တွေချစ်တဲ့ မိုး​အောင်​ရင်​က​တော့ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်​က ​ဆေး​ ခြောက်​ မှုဖြင့်​ ​ထောင်​ဒဏ်​ ၁၇ နှစ်​ချမှတ်​ခံခဲ့ရပါတယ်​။ ​အောင်​မြင်​​နေဆဲအချိန်​မှာ ယင်းသို့ ပြစ်​ဒဏ်​ချမှတ်​ခံခဲ့ရတာဟာ အနုပညာရှင်​တစ်​​ယောက်​ အတွက်​ ​သေမိန့်​နဲ့ မခြားဘဲ ဖြစ်​တာမို့ အနုပညာ ရှင်​ အသိုင်းအဝိုင်း​ရော သူ့ရဲ့ ပရိတ်​သတ်​​တွေပါ ယူကြူံးမရဖြစ်​ခဲ့ပါတယ်​။သို့​ပေမယ့်​လည်း ​ကံ​ကောင်းစွာနဲ့ နိုင်ငံတော်သမ္မတကြီး၏ တတိယအကြိမ်မြောက်လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ မိုး​အောင်​ရင်​ တစ်​​ယောက်​ ပြန်​လည်​လွတ်​​မြောက်​လာခဲ့ပါတယ်။

လက်​ရှိမှာ​တော့ အနုပညာ အလုပ်​​တွေကို လုပ်​ကိုင်​​နေပြီ ဖြစ်​ပါတယ်​။ သူပါဝင်​ထားတဲ့ သုံး​ယောက်​​ပေါင်း​လောင်း​ကျော်​ ဇာတ်​ကားဟာလည်း လာမည့်​ ၂၄ ရက်​​နေ့မှာ ရုံတင်​ပြသ​တော့မှာဖြစ်​ပါတယ်​။ မိုး​အောင်​ရင်​က ဖိုက်​တင်​ခန်း​တွေ အတွက်​ ခန္ဓာကိုယ်​ ကြံခိုင်​မှုရှိ​အောင်​လည်း ​လေ့ကျင့်​​နေတယ်​ဆိုပါတယ်​” ကျွန်​​တော့ မက်းသားစဖြစ်​ကတည်းက ထိုးရ​တွေဘာ​တွေဆို မလှဘူး အဲ့​တုန်းက သင်​ဖို့အချိန်​မရှိခဲ့ပြီး ကျွန်​​တော့ အထဲမှာလည်း စဉ်းစားခဲ့တယ်​ ငါအမှား​တွေ ဘယ်​လိုပြင်​မလဲ လိုအပ်​ချက်​​တွေကို ဘယ်​လိုပ်​ပြန်​ဖြည့်​မလဲဆိုတာ အခု​တော့ လက်​​ဝှေ့ထိုး​နေတယ်​ လူလည်း ၂၅​ပေါင်​​လောက်​တက်​လာ​တော့ ပြန်​ချ​နေရတယ်​ အခု ၁၀​ပေါင်​​လောက်​ကျသွားပါပြီ ဖြစ်​နိုင်​ ၇င်​ ​ဗလ​တွေနဲ့ six packs ​တွေနဲ့လိုချင်​တာ​ပေါ့ ​လော​လော​ဆယ်​​တော့ ဝိတ်​အရင်​ချ​နေရတယ်​”

မိုး​အောင်​ရင်​တစ်​​ယောက်​က​တော့ သူ့ရဲ့ အနုပညာ အတွက်​ လိုအပ်​တဲ့ ဝမ်းစာကို ပြည့်​​အောင်​ဖြည့်​​နေတာဘဲဖြစ်​ပါတယ်​။ ဘဝကို တစ်​က ပြန်​စပြီး အ​ကောင်း ဆုံး ကြိုးစား လုပ်​ကိုင်​​နေတဲ့ မိုး​အောင်​ရင်​ရဲ့ အနုပညာ ကို အား​ပေးလိုက်​ဦး​နော်​။

Source MC

Leave a Reply

Your email address will not be published. Required fields are marked *