22nd October 2020

ကိုရီးယားမှာ အနုပညာကို သွား​လေ့လာချင်​တယ်​ဆိုတဲ့ ခါရာ

အနုပညာ​လောကထဲကို Mister ပြိုင်​ပွဲ​တွေမှ တစ်​ဆင့်​ဝင်​​ရောက်​လာကာ လက်​ရှိမှာ​တော့ ပျို​မေတို့ အသည်းစွဲရတဲ့ မင်းသား​ချော တစ်​လက်​အဖြစ်​နဲ့ ​အောင်​မြင်​​နေပြီဘဲဖြစ်​ပါတယ်​။

သူ့ရဲ့ ​တောင့်​တင်​တဲ့ ခန္ဓာကိုယ်​နဲ့ ကိုရီးယားမင်းသားလို ​ချော​မော ​ပြေပြစ်​မှုက ​တော်​ရုံမိန်းက​လေး​တွေ မ​ကြွေဘဲမ​နေနိုင်​ပါဘူး..ခါရာကို အက်​ရှင်​ဇာတ်​ကားများနဲ့သာ ပရိတ်​သတ်​​တွေက ရင်းနှီးခဲ့ရသလို “marry me ” ဇာတ်​ကားမှာလည်း အရို တစ်​လိုင်းနဲ့ ​တွေ့ရမှာပါ။မကြာခင်​မှာ love equation ဇာတ်​ကားကို ​ဖွေး​ဖွေး၊ ​ဒေါင်းတို့နဲ့ အတူ ရိုက်​ကူး​တော့မှာဖြစ်​ပါတယ်​။အနုပညာ ကို အားတက်​သ​ရော ကြိုးစားလုပ်​ကိုင်​​နေတဲ့ ခါရာ ဟာ သူရဲ့ အနုပညာ ကို ဒီထက်​မက ပရိတ်​သတ်​ကို ချပြချင်​ပါ​သေးတယ်​တဲ့ ” ကျွတ်​​တော်​ ကိုရီးယားကို သွားဖို့ရှိတယ်​ ကိုရီးယားမှ သူတို့ရဲ့ actကို​လေ့လာချင်​တယ်​။

အခု​နောက်​ပိုင်းထွက်​လာတဲ့ ဖာတ်​ကား​တွေဆို အရမ်း​ကောင်းတယ်​ ဖက်​တီးမင်းသားဆိုလည်း ချတာ​တွေ အရမ်းမိုက်​တယ်​ ဖိုက်​တင်​ကလည်း လှဖို့ကလို​တယ်​ သူတို့ချတာ မျက်​နှာထား​တွေ ဘာ​တွေ အရမ်းလှတယ်​ ကိုယ်​လည်း အဲ့တာ​တွေ ကြည့်​ပြီး ​လေ့လာဖြစ်​တယ်​ ​ရောက်​ရင်​​တော့ အဲ့တာ​တွေကို​လေ့လာဖြစ်​မှာပါ” ဟု​ပြောပြသွားခဲ့ပါတယ်​။ပရိတ်​သတ်​​တွေ​ရော မင်းသားခါရာရဲ့ အခုထက်​ပိုလန်းတဲ့ ဖိုက်​တင်​ခန်း​တွေ ကိုကြည့်​ချင်​လား၊၊

Source MC

Leave a Reply

Your email address will not be published. Required fields are marked *