
Myanmar Idol season 3ကနေမှ တစ်ဆင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကိုများစွာရရှိခဲ့တဲ့ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ဟာ လက်ရှိမှာလည်း ပရိတ်သတ်အမြောက်အများနဲ့ အနုပညာ အလုပ်တွေကို ဆက်လက်လုပ်ကိုင်နေမြဲ ဖြစ်ပါတယ်။ သူတို့အနုပညာ မောင်နှမနှစ်ယောက်ဟာ ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးနေပြီး နယ်ပွဲများသီဆိုရင်း အနုပညာအလုပ်တွေ တောက်လျှောက် လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။


ဒီတစ်ခါမှာတော့ ဖြိုးမြတ်အောင်နဲ့မောင်ချိုတို့ဟာ ပရိတ်သတ်တွေ မြင်နေကျ ခပ်အေးအေး ပုံစံမဟုတ်ဘဲ ဆန်းသစ်လှတဲ့ စတိုင်အလန်းတွေနဲ့ အမြင် တစ်မျိုးဆန်နေပါတယ်။

သူတို့ရဲ့ အမိုက်စားပုံရိပ်တွေကို ပရိတ်သတ်တွေကတော့ အတော်လေး သဘောကျအကြိုက်တွေ့နေပါတယ်။ ပရိတ်သတ်တွေအတွက်လည်း ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချို တို့ ရဲ့ လိုင်ဖက်လွန်းလှတဲ့ ပုံအလန်းလေးတွေကိုတင်ပေးလိုက်တယ်နော်။

Source Crown magazine, chanmyae mg cho