
သွယ်လျကျော့ရှင်းတဲ့ ခန္ဓာကိုယ် နဲ့ စတိုင်ကျကျ နေတတ်တဲ့ ရွှေအိမ်စည်ဟာ မော်ဒယ် ပိုင်းမှာ အောင်မြင် နေရုံသာမက ရုပ်ရှင် ဇာတ်ကားတွေမှာပါ ကြိုးစားသရုပ်ဆောင်နေတာတွေ့ရပါတယ်။


ပရိတ်သတ်တွေအားပေးမှု၇ိုအပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး ရွှေအိမ်စည် ကတော့ လက်ရှိမှာ အနုပညာ အလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေတာဘဲဖြစ်ပါတယ်။

အိမ်စည်ရဲ့မွေးနေ့လေးကတော့မကြာခင်မှာကျရောက်တော့မှာဖြစ်ပါတယ်။ ဒီနှစ်အတွက် သူမရဲ့ မွေးနေ့အစီအစဉ်လေးကိုပြောပြလာပါတယ်” ပွဲလုပ်ဖြစ်မယ် ၂၄ရက်ကျရင် မီးထွန်းဖြစ်မယ် မိသားစုတွေနဲ့ ပရိတ်သတ်တွေနဲ့ ပုံမှန်ဆို အိမ်စည်က ဘုရားတွေ ဘာတွေ မတက်ဖြစ်ဘူး ၂၅ရက်နေ့တော့ ပွဲလေး လုပ်မယ် အရင်နှစ်က stressများပြီး မလုပ်ဖြစ်ဘူး ဒီနှစ်တော့လုပ်ဖြစ်မယ် သီတင်းကျွတ်ကတော့ ဘာအစီအစဉ်မှမရှိဘူး ကိုယ့်မွေးလဘဲ ဆိုတော့ မွေးနေ့အတွက်စီစဉ်မယ် မိသားစုနဲ့ အချိန်ကုန်မယ် ဒီလောက်ပါဘဲ” အိမ်စည်ရဲ့ ပရိတ်သတ်တွေကတော့ အိမ်စည်နဲ့ အတူ တူ ဆီမီးထွန်းဖို့ရင်ခုန်စွာနဲ့ စောင်နေတော့နော်။

Source cele yatkwat