
တဖြည်းဖြည်းနဲ့ ပရိတ်သတ်အခိုင်အမာရရှိလာသော ရှိန်းတင်ထူကတော့ ”သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးတွင် ရှိန်း အဖြစ်ပါဝင် သရုပ်ဆောင်ခဲ့ ပြီး ထိုကားရုံတင်ထွက်ရှိ ပြီးနောက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသည်းတခြမ်းဖြစ်လာခဲ့ပါတယ်။

ယခုအခာ မှာတော့ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးလည်းဖြစ် အဆိုတော်လည်းဖြစ်တဲ့ နန်းဆုရတီစိုး သီဆိုထားပြီး တေးရေးဝေကြီး ရေးဆက်ထားသော ”ငါသေလို့ရတယ်” သီချင်းကို နန်းဆုနဲ့ အတူတူသရုပ်ဖော်ကြမှာဖြစ်ပါတယ်။
နန်းဆု ကတော့ စိတ်ကူးယဉ်ဆန်ဆန် သီချင်းလေးတွေသီဆိုတက်ပြီး ကလေးတယောက်လို ချစ်ဖို့ကောင်းပြီး နုပျိုနေဆဲ ဖြစ်ပါတယ်။

သီချင်းလေးရဲ့ Music Video ကိုအောက်တိုဘာလ ၇ရက်နေ့က သာကေတရှိ Emerald Bay မှာရိုက်ကူးပုံဖော်ခဲ့ ပြီး အချစ်အဆွေးသီချင်းလေးတပုဒ် ဖြစ်တဲ့အတွက် အခုလက်ရှိ နန်းဆုရဲ့ ခံစားချက်နဲ့လည်းတိုက်ဆိုင်နေမလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ် ပါတယ်။
သူတို့နှစ်ဦးရဲ့ ချစ်စရာကောင်းပြီး သီချင်းလေးထဲမှာ ပါဝင်တဲ့ ဓါတ်ပုံလေးတွေကိုဖော် ပြလိုက်ပါတယ်။


Source; Popular Journal